26.3 C
Yangon

ပြည်မြို့တွင် စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခဲ့သည့် တက္ကသိုလ် ကျောင်းသား ကိုမျိုးမင်းဟိန်း ထွက်ပြေးလွတ်မြောက်လာပြီး PDF ထံတွင် ခိုလှုံ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ပဲခူးတိုင်း၊ ပြည်မြို့တွင် စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခဲ့သည့် တက္ကသိုလ် ကျောင်းသား ကိုမျိုးမင်းဟိန်း ထွက် ပြေးလွတ်မြောက်လာပြီး PDF တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလှုံလာကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၅ ရက်နေ့ ပြည်မြို့နယ် အခြေစိုက် အမှတ် ၁၄ ခြေလျင်တပ်ရင်းတွင် စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးခံရထားရသော အသက် ၂၁ နှစ်အရွယ် တက္ကသိုလ် ကျောင်းသား ကိုမျိုးမင်းဟိန်းသည် ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံသို့ ချိတ်ဆက်ကာ လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

ထိုသို့ ခိုလှုံလာသော ကိုမျိုးမင်းဟိန်းသည် ၂၀၂၅ ခုနှစ် ဩဂုတ်လ အတွင်း သူငယ်ချင်း ၃ ဦး ဆိုင်ကယ်ဖြင့် အဆောင်သို့ ပြန်လာစဉ် ပြည်မြို့ မြို့သစ် ၁၇ လမ်းထိပ်တွင် စစ်သားများ၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံခဲ့ရသူဖြစ်ကြောင်း ၊ ၎င်းနှင့် အတူ ဖမ်းဆီးခံရသော သူငယ်ချင်း ၂ ဦးသည် ပြည်မြို့ လျှပ်စစ်ရုံးမှ ဝန်ထမ်းများဖြစ်သောကြောင့် အထက်အရာရှိများက လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ကိုမျိုးမင်းဟိန်းကို အကြမ်းဖက် စစ်တပ်က အမှတ် ၁၄ ခြေလျင်တပ်ရင်းတွင် ၅ ရက်တာဖမ်းဆီးထားစဉ် အစောင့် စစ်သားများမရှိချိန် ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ကိုမျိုးမင်းဟိန်းသည် ရွှေတောင်မြို့နယ် မြို့မအုပ်စုရွာ ဇာတိဖြစ်ပြီး ပြည်အဝေးသင် တက္ကသိုလ် ပထမနှစ် ရူပဗေဒ မေဂျာ တက်ရောက်နေသူဖြစ်ကြောင်း၊ ထိုသို့ လာရောက်ခိုလှုံပြီးနောက် အကြမ်း ဖက် စစ်တပ်ကို ပြန် လည် တိုက်ခိုက်မည်ဖြစ်ကြောင်း သိရသည်။

“၉ လပိုင်း ၅ ရက်နေ့က ကျွန်တော်တို့ သွားခေါ်လာတာပါ။ အခုစခန်းမှာရောက်နေပါပြီ ဩဂုတ်လ ၂၉ ရက်နေ့က ၁၄ စစ်တပ်ထဲကနေထွက်ပြေးပြီး ကျွန်တော်တို့ ရွှေတောင် ပကဖ ကို ဆက်သွယ်ပြီးပြောလာတာပါ။ သူက စစ်သင်တန်းမတက်ရသေးဘူး။ ၁၄ စစ်တပ်ထဲမှာပဲ ထိန်းသိမ်းထားတုန်းပြေးလာတာပါ။ အသက်က ၂၁ နှစ်ပါ။ ဂုဏ်ပြုဆုငွေချီးမြှင့်ဖိုတော့ မရှိသေးပါဘူး။ ရွှေ တောင် ပကဖ မှာပဲ စစ်တပ်ကို ပြန်ပြီးတော်လှန်မယ်လို့သူကပြောပါတယ်။ စစ်သားတွေကို ပြည်သူ့ရင်ခွင်ကိုခိုလှုံပါ အလင်းဝင်ပါ ကြိုဆိုပါတယ်” ဟု ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article