ဒီကနေ့ စက်တင်ဘာ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တရုတ်ပြန် အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံရေး အတွက် အခွန်သက်သာခွင့်၊ ကုန်ကြမ်းသွင်းကုန်တင်သွင်းခွင့် အပါအဝင် အထူးအခွင့်အရေးများပေးဖို့ ညွန်ကြားထားပြန်တယ်လို့ နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မွန်ပြည်နယ် ၊ မော်လမြိုင်မြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လှိုင်ရတနာမြို့ကွက်သစ်စီမံကိန်းအတွက် ဆိုပြီး ပြည်သူတွေရဲ့ နေအိမ် ၆၀၀ ကျော်ကို လျှော်ကြေးမပေးဘဲ ဖျက်သိမ်းပြီးတဲ့နောက် မြေကွက်အစားထိုး ပေးမယ်ဆိုပြီးတော့ မြေကွက် ၁ ကွက်ကို ငွေကျပ် သိန်း ၃၀၀ ပြန်တောင်းနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် မင်းအောင်လှိုင် လာဖို့ ရှိနေလို့ဆိုပြီး ရန်ကုန်မြို့၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်မှာ ပြည်သူတွေရဲ့ နေအိမ် ၂၀၀ ကျော်ကို ကျူးကျော်လို့ ပြောပြီး စစ်တပ် နဲ့ စည်ပင်က အတင်းအကျပ် ဖျက်သိမ်းခိုင်းတဲ့အတွက် ပြည်သူ ထောင်ဂဏန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
