အိန္ဒိယအစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းရှိ KIA ထိန်းချုပ်ဒေသများမှ မြေရှားသတ္တုရယူနိုင်ရေး ထိတွေ့ဆက်ဆံ ဆွေးနွေးနေကြောင်း ရိုက်တာသတင်းဌာနက သတင်းဖော်ပြသည်။
အိန္ဒိယအစိုးရက KIA ထံမှ မြေရှားပါးနမူနာများ ရယူရန် လုပ်ဆောင်နေကြောင်း သတင်းရင်းမြစ် ၄ ဦးက ပြောကြားလိုက်ပြီး တရုတ်က ထိန်းချုပ်ထားသော မြန်မာ့သယံဇာတစျေးကွက်အတွင်းသို့ အိန္ဒိယက ဝင်ရောက်လာကြောင်း သုံးသပ်မှုများရှိနေသည်။
အိန္ဒိယ သတ္တုတွင်း ဝန်ကြီးဌာနက KIA ထိန်းချုပ်မှုအောက်တွင်ရှိသော မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မြေရှားသတ္တုနမူနာများ စုဆောင်းသယ်ယူ ပို့ဆောင်ရန် အိန္ဒိယအစိုးရပိုင် IRELနှင့် ပုဂ္ဂလိက Midwest Advanced Materials သတ္တူးဖော်ရေးကုမ္ပဏီများထံသို့ တောင်းဆိုခဲ့ကြောင်း၊ အိန္ဒိယအစိုးရပိုင် သတ္တုတွင်းလုပ်ငန်း IREL နှင့် ပုဂ္ဂလိကကုမ္ပဏီ Midwest Advanced Materials တို့မှာ မြေရှားသတ္တများ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် အိန္ဒိယအစိုးရထံမှ ဘတ်ဂျက်များရယူထားကြောင်း သိရှိရသည်။
KIA မှ ရရှိသည့် မြေရှားသတ္တုနမူနာကို အိန္ဒိယအစိုးရက ပြည်တွင်းဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် မျှော်လင့်ထားပြီး မြေရှားသတ္တုပမာဏ အလုံအလောက်ပါဝင်ခြင်း ရှိ၊ မရှိ ဆန်းစစ်မည်ဖြစ်ကြောင်း သိရှိရသည်။
အိန္ဒိယအစိုးရအနေဖြင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် KIA နှင့် ထိတွေ့ဆက်ဆံမှုမှာ ရှားပါးသော ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း၊ ဇူလိုင်လအတွင်း အွန်လိုင်းအစည်းအဝေး လုပ်ဆောင်ခဲ့ကာ အစည်းအဝေးသို့ IREL၊ Midwest နှင့် အခြားကုမ္ပဏီတစ်ခုမှ ကိုယ်စားလှယ်လည်းတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
KIA က အိန္ဒိယအစိုးရက စမ်းသပ်လိုသော မြေရှားသတ္တုနမူနာများကို စတင်စုဆောင်းနေပြီး ဖြစ်နိုင်လျှင် အိန္ဒိယသို့ တင်ပို့မှုများလုပ်ရန်လည်း ဆွေးနွေးမှုများ ကြောင်း သိရှိရသည်။
အဆိုပါ သတင်းအချက်များနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရ၊ သတ္တုတွင်းကုမ္ပဏီများနှင့် KIA တို့ကို ရိုက်တာက ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ မှတ်ချက်မပေးကြကြောင်း သိရှိရသည်။
ဓာတ်ပုံ – KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Gunhtang Gam Shawng ရှေ့တန်းစစ်မျက်နှာကို သွားရောက်စစ်ဆေးစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
