25.4 C
Yangon

ငဖဲမြို့နယ်၊ နတ်ရေကန်ကုန်းဘက်သို့ ၃ ကြိမ်ထိုးစစ်ဆင်လာသော ခလရ ၂၉၅ တပ်နှင့်စစ်တပ်စစ်ကြောင်းများကို AA က တိုက်ခိုက်မှု စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

🟥ရခိုင်-ဧရာ၀တီတိုင်းအစပ်၊ မကွေးတိုင်းအစပ်နှင့် ပဲခူးတိုင်းအစပ်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၁

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်သော ခလရ ၂၉၅ တပ်နှင့်စစ်တပ်စစ်ကြောင်းများကို AA က တိုက်ခိုက်မှု စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း AA က သတင်းထုတ်ပြန်သည်။

စစ်တပ်က မကွေးတိုင်း၊ နတ်ရေကန်ကုန်းဘက်သို့ ထိုးစစ်များကို ပိုမို ပြုလုပ်လျက်ရှိပြီး စက်တင်ဘာလ ၄ ရက်နေ့ မကွေးတိုင်း၊ ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာ အနီး ဖြစ်ပွားခဲ့သော ၂ နာရီကျော်ကြာ တိုက်ပွဲအတွင်း စစ်တပ်က အထိနာကာ တပ်လန်ပြန်ဆုတ်သွားခဲ့ကြောင်း၊ ယင်းနောက် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် ဒုတိယဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာသည့် ခလရ ၂၉​ြ တပ်ရင်က ဒုတိယစစ်ကြောင်းအနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ကြောင်း၊ AA ၏ ခုခံစစ်နှင့်တန်ပြန်ထိုးစစ်အောက်တွင် အဆိုပါစစ်ကြောင်းမှာလည်း အထိနာကာ အထိအခိုက် အကျအဆုံးများစွာဖြင့် ထပ်မံတပ်လန်သွားခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားချိန် ၈ နာရီနီးပါးကြာ ခုခံစစ်အတွင်း စစ်သား အလောင်း ၆၀ ကျော်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက် နက် ခဲယမ်းများကို AA က သိမ်းဆည်းရမိခဲ့ကြောင်း၊ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေကြသော စစ်တပ်ကို AA က လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ အနီး နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်းဘက်မှ တတိယ စစ်တပ်စစ်ကြောင်းက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း၊ အဆိုပါ စစ်ကြောင်းနှင့် ၃ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်မှာ အထိနာပြီး တပ်လန်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် စစ်တပ်က ဝေဠုဝန်ကျောင်း၏ အနောက်မြောက်ဘက် လက်ဖက်ခြံထဲတွင် ခံစစ်အနေအထားဖြင့် ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိကြောင်း၊ စစ်တပ် ၏ ဤတတိယစစ်ကြောင်း ထိုးစစ်အတွင်း မျက်မြင် စစ်သား ၁၀ ဦးခန့်ကျဆုံးကာ ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ် သင်တန်းပေးခြင်းကိုခံခဲ့ရပြီးနောက် စစ်သင်တန်းဆင်းလာသော ရဲဘော်သစ်များအနေဖြင့် စောစီးစွာ အလံဖြူထောင်၊ လက်နက်ချအညံ့ခံလျှင် အသက်ချမ်းသာရာ ရမည်ဖြစ်သောကြောင့် AAနှင့် ရင်ဆိုင်ထားသော မည်သည့်နေရာတွင်မဆို လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း၊ AAထံ လက်နက်ချ၊ အညံ့ခံ၊ အလံဖြူထောင်သောသူတိုင်းအား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပြီး မိသားစုဆီသို့ ပို့ဆောင်ပေး၍လည်းကောင်း၊ AA အဖွဲ့ ထံတွင် တာဝန်ထမ်းဆောင်လိုပါက ထမ်းဆောင်၍လည်းကောင်း၊ ကာယကံရှင်၏ ဆန္ဒကို လိုက်လျော၍လည်းကောင်း အကောင်းဆုံး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း AA က ထုတ်ပြန်ကြေညာသည်။

လတ်တလော ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာများတွင် စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article