28 C
Yangon

BGF ၏ လမ်းပြကူညီမှုဖြင့် အာရှလမ်းပိုင်းကို အဓိက ဦးတည် ထိုးဖောက်ခဲ့သော စစ်တပ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိင် (သိုမဟုတ်) ဒေါ်အောင်ဆန်းစုကြည်ကို ဆဲဆိုပုတ်ခတ်နေသော စစ်တပ်ဝါဒဖြန့် ဇတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

အကြမ်းဖက်စစ်တပ်စစ်ကြောင်းများက BGF ခေါ် စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲများ၏ ကူညီထောက်ပံ့မှုများဖြင့် ကော့ကရိတ်-မြ၀တီ လမ်းပိုင်းကို ယခုရက်ပိုင်းအတွင်း ထိုးဖောက်လာနိုင်ခဲ့ပြီး ယင်းသို ထိုးဖောက်လာသော စစ် တပ်စစ်ကြောင်းများကို ဦးစီးနေသူမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိင် (ခေါ်) စစ်တပ် ဝါဒဖြန့် ဇတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။

အမေရိကန်က နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲအစည်းအဖြစ် သတ်မှတ်ထားသော BGF/ KNA မှ ဗိုလ်မှူးကြီးစောချစ်သူ၏ ကူညီမှုများဖြင့် ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိင် ဦးစီးသော စစ်တပ်စစ်ကြောင်းများက ဩဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလဆန်းပိုင်းတွင် အာရှလမ်းပိုင်းကို ထိုးဖောက်ဝင်ရောက်လာခဲ့သော်လည်း ဗျူဟာမှူး ဗိုလ်မှူးကြီး သူရ ၀ဏ္ဏလှိင်မှာ မထင်မရှားဖြင့်သာ ပုန်းလျှိးကွယ်လျှိးဖြင့်သာ နေထိုင်လျက်ရှိသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိင်က ဗိုလ်မှူးကြီး ၀ဏ္ဏလှိင်ကို သူရဘွဲ ပေးအပ်ခဲ့ပြီး သူရ ဘွဲပေးအပ်သည့်အကြောင်းအရင်းမှာ ကရင်ပြည်နယ်၊ သံဖြူဇရပ်နှင့် ဘုရားသုံးဆူကြားရှိ အနန်းကွင်း တပ်စခန်းထိုင် ဗျူဟာစခန်းကို KNLA ဦးဆောင်သော ပူးပေါင်းတော်လှန်ရေးတပ်များ လက်သို မကျရောက်စေရန် ကာကွယ်ပေးမှုဖြင့် သူရဘွဲ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီး ၀ဏ္ဏလှိင်မှာ ကရင်ပြည်နယ်တွင်ပင် အခြေချလှုပ်ရှားနေသော စစ်တပ်အရာရှိကြီးတစ်ဦးဖြစ်ပြီး ကရင့်လက် နက်ကိုင်အဖွဲများအကြောင်း ကောင်းမွန်စွာ သိရှိသူဟုလည်း နာမည်ကြီးသည်။ ကရင်ဂွင်တွင်လှုပ်ရှားသော်လည်း ၎င်း၏ လုံခြုံရေးနှင့် မိသားစု လုံခြုံရေးအတွက် အမြဲလိုလို စိုးရိမ်ပူပန်တတ်သူဖြစ်ရာ မိသားစုနှင့်သူ့အကြောင်းကို သိုသိုသိပ်သိပ်နေထိုင်လေ့ရှိသည်။ အထူးသဖြင့် ပြင်ပမှ သူ့အကြောင်း မသိစေရန် သွားလာလှုပ်ရှားနေထိုင်သည်။ အနေအထိုင်သိုသိပ်ပြီး ၎င်း၏ ဓာတ်ပုံများ ပြင်ပပေါက်ကြားမည်ကိုစိုးရိမ်၍ နာမည်အရင်းဖြင့်ပင် ဆိုရှယ်မီဒီယာမသုံးသူလည်းဖြစ်သည်။

ဗိုလ်မှူးကြီး ၀ဏ္ဏလှိင်၏ နောက်ထပ် ထူးချွန်သော အလုပ်တစ်ခုမှာ ဝါဒဖြန့်သော အလုပ်ဖြစ်ပြီး စစ်တပ်ဝါဒဖြန့် ဇတ်ညွှန်းရေးသူတစ်ဦးလည်းဖြစ်သည်။

စစ်တပ် ဝါဒဖြန့် ဇတ်ကားများဖြစ်သည့် သက်ရှိစည်းရိုး ၊ စောင်နီလေးတစ်ထည် ဇတ်ကားများကို အဓိက ဇတ်ညွှန်းရေးသူမှာ ဗိုလ်မှူးကြီး ၀ဏ္ဏလှိင် တစ်ဖြစ်လဲ ဇတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်ဖြစ်သည်။

ဗိုလ်မှူးကြီး ၀ဏ္ဏလှိင်(ခ) စစ်တပ်ဝါဒဖြန့် ဇတ်ညွှန်းရေးသူ မျိုးမြင့်ရန်နောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်ပေါ်တွင် ဆဲဆိုပုတ်ခတ်လေ့ရှိပြီး သူ၏ ဇနီးဖြစ်သူမှာလည်း ကြံ့ခိုင်ရေးပါတီဝင် အမာခံဖြစ်သည်။ အာရှလမ်းကို ထိုးဖောက်ပြီးနောက် စစ်တပ်က ပြန်လည်အနိုင်ရသည့်ပုံစံဖြင့် အသံပြန်ထွက်လာသော ဗိုလ်မှူးကြီး ၀ဏ္ဏလှိင်မှာ လာမည့် စစ်တပ်နှစ်ပတ် လည်နေ့များအတွက် ဝါဒဖြန့် ဇတ်ညွှန်းများ ထပ်မံရေးရင်း လုပ်ကြံခံရမည်စိုးရိမ်၍ သိုသိုသိပ်သိပ် ဆက်လက် နေထိုင်ဆဲဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article