26.1 C
Yangon

မင်းအောင်လှိုင်ထံတွင် ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းလိုက်နာမည်ဆိုသော ကတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မင်းအောင်လှိုင်ထံတွင် ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဟူသည့် ဒို့တာဝန်အရေး ၃ ပါးကို စောင့်ထိန်းလိုက်နာမည်ဆိုသော ကတိပြုမှုကြောင့် ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း စစ်တပ်က ယမန်နေ့ညပိုင်း အမိန့်ထုတ်ပြန်သည်။

ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် အပေါ် ပြစ်မှုထင်ရှားစီရင်ထားသော ပြစ်မှုနှင့် ပြစ်ဒဏ်များကို လွတ် ငြိမ်းချမ်းသာခွင့် ပြုလိုက်ကြောင်း စစ်ကောင်စီက ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ယင်းအမိန့်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အမိန့်ဖြင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယာယီသမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) မှာ ပြဋ္ဌာန်းထားသော အခွင့်အာဏာကို ကျင့်သုံးခြင်းဖြစ်ကြောင်း ၊စစ်တွေ ခရိုင်တရားရုံးက ရာဇဝတ်ကြီးအမှုအမှတ် ၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ခ)နှင့် ရာဇဝတ်ကြီးအမှုအ မှတ် ၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂၊ ပုဒ်မခွဲ (၁) တို့အရ ပြစ်မှုထင်ရှားစီရင်ခဲ့သည့်အတွက် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်အရ ဒေါက်တာ အေးမောင်ဟာ ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ဒေါက်တာ အေးမောင်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုသော နိုင်ငံတော်၏ ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာ ခံယူစောင့်ထိန်းသွား မည်လို့ သန္နိဋ္ဌာန်ပြုကာ စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရာတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ဖို့ ကတိကဝတ်ပြုမှုအရ ပြစ်မှုထင်ရှားစီရင်ထားသော ပြစ်မှုနှင့် ပြစ်ဒဏ်များကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်သည်။

ထို့ကြောင့် မင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့်ရသည့် အတွက် ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် လာမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်သည်။

ဒေါက်တာအေးမောင်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရသေ့တောင်မြို့နယ်၊ တောင်ရင်းတိုင်းရပ်ကွက်၊ စေတီယင်္ဂဏကျောင်းတိုက်ဓမ္မာရုံတွင် ပြုလုပ်သည့် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဒေါက်တာအေးမောင်၏ ဟောပြောချက်များနှင့် ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်း အက်ဥပဒေတို့ဖြင့် ဒေါက်တာအေးမောင်ကို NLD အစိုးရက တရားစွဲခဲ့သည်။

၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ဒေါက်တာအေးမောင်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article