ဒီကနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်ကို ထိထိရောက်ရောက်ချေမှုန်းပစ်နိုင်ဖို့ နယ်မြေတချို့ကို စွန့်ကောင်း စွန့်ရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကိုတိုက်ခိုက်မှု စစ်သား အလောင်း ၄ ခုနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကာ စစ်သုံ့ပန်း ၇ ဦး ဖမ်းမိသလို အဲဒီဖမ်းမိတဲ့ သုံ့ပန်းတွေထဲမှာ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်တွေ ပါဝင်တယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ် ပြန်ပါတယ်။
- စစ်တပ်က သင်္ဃန်းညီနောင်အပါအဝင် အာရှလမ်းကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်အမျိုးသားအစည်း အရုံး-KNU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မြဝတီ တောင်ဘက်ခြမ်းက ရွာတွေကိုပါ ထိုးစစ်ဆင်လာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
