တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကူလာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့က ထားဝယ်မြို့မှ ကျောက်မဲတောင်တပ်စခန်းမှ စစ်ကြောင်းချိန်းရန် ထားဝယ်မြို့သို့ ပြန်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြိုဆိုနိုင်ရန်နှင့် စစ်ကူပေးနိုင်ရန် အတွက် ထားဝယ်မြို့မှ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပကာရီကျေးရွာ အနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကြားဖြတ်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်သားများကိုင်ဆောင်အသုံးပြုသော MA1 အမျိုးအစားသေနတ် ၁ လက် အပါအဝင်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်ပြီးတော့ စခစစ်ကြောင်းက ထားဝယ်ကို ပြန်ဆုတ်သွားပါတယ်။ လေကြောင်းကနေ တစ်ကြိမ်ပဲ ပစ်ကူလာပြီး ရွာထဲကို ဗုံးကျဲသွားတာပါ။ တော်လှန်ရေးရဲဘော်တွေအားလုံး ဘေးကင်း ပါတယ်” ဟု ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ ၊ တပ် ရင်း ၁၂ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်တပ်က တိုက်ပွဲနှင့် သက်ဆိုင်မှု မရှိသော ပကာရီကျေးရွာ အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် ပြည်သူလူထု နေ အိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သ တင်းပြန်ကြား ရေးဌာနကထုတ်ပြန်ထားသည်။
ဓါတ်ပုံ – အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြာင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက် စီးရမှုများ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



