ဒီကနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်လက်အောက်ခံ ကြံ့ဖွတ်ပါတီက လာမယ့်ဒီဇင်ဘာလ ရွေးကောက်ပွဲမှာ နိုင်သမျှ အကုန်ယူမှာဖြစ်ပြီး ဘယ်ပါတီနဲ့မှ ညွှန့်ပေါင်းဖွဲ့ဖို့ အစီအစဉ်မရှိဘူးလို့ ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပတ်ဝန်းကျင်က အကြမ်းဖက်စစ်တပ်ကာကင်းစခန်းတွေကို PDF တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က မုံရွေးတိုးဂိတ်စစ်တပ်အထိုင်စခန်းကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




