27.9 C
Yangon

ဒီးမော့ဆိုတွင် ခလရ ၁၀၂ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် မိဘ ၂ ပါး နှင့်အဘွားဖြစ်သူ အပါအဝင် ၃ ဦးသေဆုံးပြီး ကလေး ၃ ဦး ဒဏ်ရာရကာ မိဘမဲ့ဖြစ်သွား

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မိဘ ၂ ဦးနှင့်အဘွား ဖြစ်သူ စုစုပေါင်း ၃ ဦးသေဆုံးပြီး ကလေးငယ် ၃ ဦးမှာ ဒဏ်ရာများရရှိကာ မိဘမဲ့ဖြစ်သွားကြောင်း ဒေသပြည်သူများနှင့် Free Burma Ranger အဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဗျားခူကျေးရွာသို့ ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မိသားစု ၆ ဦးနေထိုင်သော နေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် ၉၁ နှစ်အရွယ် ဒေါ်မီမာ၊ အသက် ၃၈ နှစ်အရွယ် ဒေါ်သူမာနှင့် အသက် ၄၄ နှစ်အရွယ် ဦးဂရာရေးတို့ သေဆုံးခဲ့ပြီး အသက် ၁၅ နှစ်၊ အသက် ၁၂ နှစ်နှင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကလေးမိခင်၊ ဖခင်နဲ့ အဘွားက လက်နက်ကြီးကျပြီး ပွဲချင်းပြီးဆုံးတယ်။ ကလေး ၃ ဦးက ဒဏ်ရာလည်းရတယ်။ မိဘမဲ့လည်းဖြစ်တယ်” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

လတ်တလော ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုးနေပြီး ထိတွေ့ တိုက်ပွဲများမှာ နေ့စဉ်ဖြစ်ကြောင်း၊ လေယာဉ်ဖြင့် ကင်းထောက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းနှင့် လေယာဉ်ဖြင့် ဗုံးကျဲခြင်းများလည်း တောက်လျှောက်ဆိုသလို ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။

“စစ်တပ်က ဒီးမော့ဆိုနဲ့ ဖရူဆိုထဲကို အင်အားအလုံးအရင်းနဲ့ကို ဝင်လာနေတယ်။ စစ်ဘေးရှောင်တွေက အတည်တကျမရှိဘဲ ပြေးလွှားနေရတုန်းပဲ” ဟု စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းတွင် စစ်တပ်က မြို့ပေါ် ဧရိယာနှင့် နေရာအများစုကို ပြန်လည် ထိန်းချုပ်ထားသော်လည်း တော်လှန် ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် ပြန်လည် တိုက်ခိုက်နေကြောင်း၊ စစ်တပ်၏ စစ်ကြောင်းများမှာ ဒီးမော့ဆိုမြို့နယ်အတွင်းမှ ဖရူဆိုမြို့နယ်ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးရန် ပြင်ဆင်နေသော်လည်း လတ်တလော တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်း ခုခံတိုက်ခိုက်နေသဖြင့် နေ့စဉ် ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article