27.9 C
Yangon

ပြင်ဦးလွင်တွင် မင်းအောင်လှိုင်သား အောင်ပြည့်စုံ အပါအဝင် စစ်တပ်က သိမ်းယူခဲ့သည့် တိုးချဲ့ တပ်မြေ ဧက ၂၀၀ ကျော် ပြန်လည်ရရှိရေး အသိမ်းခံရသော ပြည်သူများက ကန့်ကွက်စာများ တင်သွင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မင်းအောင်လှိုင်သား အောင်ပြည့်စုံ အပါအဝင် စစ်တပ်က သိမ်း ယူ ခဲ့သည့် တိုးချဲ့ တပ်မြေ ဧက ၂၀၀ ကျော် ပြန်လည်ရရှိရေး အသိမ်းခံရသော ပြည်သူများက ကန့် ကွက် စာများ တင်သွင်းလိုက်ကြောင်း မြေသိမ်းခံရသော ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က သိမ်းယူထားသော ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုးကျေးရွာအုပ်စုရှိ မြေဧက ၂၀၀ ဒသမ ၄ ဧကမှာ လယ်မြေများမဟုတ်တော့ဘဲ ရပ်ကွက်အဖြစ်သတ်မှတ်ခဲ့သည့် မြို့မြေများ အဖြစ်ပြောင်းလဲခဲ့ကြောင်း၊ အဆိုပါပြောင်းလဲသတ်မှတ်မှုကို ၂၀၀၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၂၀၀/၂၂-၂၅၄ ဦး ၁ ဖြင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင် ၊ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ကို မြေ ဧရိယာ ၂၅၃၀၃ ဧကတွင် ၂၁ ရပ်ကွက်ဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်ခဲ့ကြောင်း၊ ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့်အရ မန္တလေးတိုင်း အစိုးရအဖွဲ့ စည်ပင်သာ ယာရေးဝန်ကြီးဌာနကလည်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃/ဝက /၂၀၂၁(၃၄၄)(စည်ပင်)ဖြင့် ရေချမ်းအိုးကျေးရွာအုပ်စုရှိ မြေဧက ၂၀၄ ဒသမ ၄ ဧကကို စည်ပင်သာယာရေးနယ်နမိတ်အဖြစ်သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က သိမ်းယူလိုက်သည့် မြေဧက ၂၀၀ ကျော်မှာ လယ်မြေများမဟုတ်တော့ဘဲ ​မြို့မြေအဖြစ်ပြောင်းလဲသတ်မှတ်ခဲ့သည့် အတွက် လယ်ယာမြေဥပဒေနှင့် အညီအခြားနည်းအသုံးပြုခွင့် လျှောက် ထားခြင်း၊ ဂရန်လျှောက်ထားခြင်း များပြုလုပ်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ အခြားနည်းအသုံးပြုခွင့်ရရှိထားသူများ ဂရန်အမည်ပေါက်ရရှိသူများ နှင့်ပုံစံ ၇ အမည်ပေါက်ရရှိထားသူများလည်း ရှိနေကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့နယ်တွင် နေရာအသီးသီး၌ အပြည့်အဝသုံးစွဲခြင်းမရှိဘဲ ပိုလျှံ နေသည့် တပ်ပိုင်မြေနေရာများစွာရှိနေကြောင်း၊ ပြည်သူများစွာနေထိုင်လျက်ရှိသော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းယူမည်ဆိုက ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များစွာ ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်း ပြည်သူများက ကန့်ကွက်စာ တင်သွင်းထားသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့၊ ရေချမ်းအိုးကျေးရွာ အုပ်စု၊ မြေဧက ၂၀၀ ဒသမ ၄၁ ဧကအကျယ်အဝန်းရှိမြေကွက်ကို ဒုတိယဗိုလ်မှူးကြီးသိန်းနိုင်ထွန်းက တပ်ပိုင်မြေအဖြစ် အခြားနည်းအသုံးပြုရန်လျှောက်ထား ခဲ့မှုအပေါ် မြေစာရင်းဌာနက ခွင့်မပြုရန် ပြည်သူများက ၀ိုင်းဝန်းကွန့်ကွက်ထားကြပြီး မြေသိမ်းခံရသော ပြည်သူ တစ်ဦးချင်းစီကလည်း ကန့်ကွက်လွှာများ တင်သွင်းထားကြောင်း သိရှိရသည်။

“ကောက်ရိုးတစ်မျှင်ပေါ့။ ဒီနေရာက ပြည်သူတွေ ပိုင်ဆိုင်တဲ့ မြို့မြေကို စစ်တပ်က အတင်းအဓမ္မ သိမ်းယူခဲ့တာပါ။ အခု ဒုတိယဗိုလ်မှူးကြီး သိန်းနိုင်ထွန်းက တပ်ပိုင်မြေအပြင် အခြားနည်းသုံးစွဲခွင့်လျှောက်ထားတာကို မြေသိမခံရတဲ့ ပြည်သူတွေအားလုံး ၀ိုင်းဝန်းကန့်ကွက်ကြတာပါ။ မအောင်မြင်နိုင်ဘူးဆိုတာသိပေမယ့် နောက်ဆုံး လက်ကျန်ခွန်အားနဲ့ တရားမျှတမှု ရလိုရငြား ကန့်ကွက်ကြတာပါ” ဟု မြေသိမ်းခံရသော ပြည်သူတူစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြင်ဦးလွင် ရေချမ်းအိုးကျေးရွာအုပ်စုရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက် သိမ်းယူခဲ့စဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြင်ဦးလွင် ရေချမ်းအိုးကျေးရွာအုပ်စုရှိ မြေဧက ၂၀၀ ကျော်ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ဝင်ရောက် သိမ်းယူခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article