31.1 C
Yangon

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းတို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရတနာစိမ်း ကုမ္ပဏီဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဖားကန့်ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆိပ်မူကျေးရွာ မှော်ရှန်ရပ်ကွက်ရှိ ရတနာစိမ်း ကုမ္ပဏီဝင်းကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ရတနာစိမ်း ကုမ္ပဏီဝင်း အတွင်းထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“ဖားကန့် ဆိပ်မူကျေးရွာကို ညသန်းခေါင်ယံအချိန် စစ်ခွေးတွေက လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ရတနာစိမ်း ကုမ္ပဏီဝင်းအတွင်းမှာတော့ ထိခိုက်ပျက်စီးမှုရှိတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖားကန့်မြို့တွင်းရှိ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာ၊ မှော်ရှန် ရပ်ကွက်အတွင်း သို့ ကျ ရောက် ပေါက်ကွဲခဲ့ပြီး အသက် ၉ နှစ်အရွယ် မမေမြတ်နိုးသွယ် ပွဲချင်းပြီး သေဆုံးကာ ညီမ ဖြစ်သူ မခင်မြတ်နိုး ၊ အသက် ၁၇ နှစ်အရွယ် မောင်အောင်လင်းဦး နှင့် အသက် ၆၀ အရွယ် ဒေါ်ဝင်း တို့လည်း ထိမှန်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းကိုလည်း အကြမ်းဖက် စစ် တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Karenni People’s Voice က သတင်းဖော်ပြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ပိုင်း ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေ ကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနန်းဥကွိုင်ရွာ ဘုရားကျောင်းကိုလည်း အကြမ်းဖက် စစ် တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ပျက်စီးနေစဉ်။

Photo-KNDF။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article