28.4 C
Yangon

ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာသော ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာတိုက်ပွဲမှ စစ်ကြောင်းပျက်ပြီး ထွက်ပြေးလာသော ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို လက်နက် ၃ လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ချောင်းမကျေးရွာ တိုက်ပွဲအတွင်း တပ်ပျက်ပြီး ထွက်ပြေးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ဒုတပ်ကြပ် ၁ ဦးနှင့် စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ် တိုက်ခိုက်ရာ အရှင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အရှင် ဖမ်းမိခဲ့သော စစ်သားများထံမှ MA-1 သေနတ် ၂ လက် ၊ MA-2 သေနတ် ၁ လက်၊ 5.56 ကျည် ၂၀၀ တောင့် နှင့် ဖုန်း ၄ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“ကနီ ချောင်းမရွာတိုက်ပွဲကနေ စစ်ဦးလန်ပြီး ဖရိုဖရဲထွက်ပြေးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကျနော်တို့ ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ဒုတပ်ကြပ် ၁ ဦးနဲ့ စစ်မှုထမ်း တပ်သားသစ် ၂ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိပြီး လက်နက် ၃ လမ်း သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု ယင်းမာပင်မြို့နယ် ပကဖ ULF စစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ မှ ဗိုလ်မှူး သူရိန် ဦးဆောင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article