28.5 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြန်မာနိုင်ငံမှာ တပ်ဆင်လိုက်တဲ့ တရုတ်အင်တာနက်ဆင်ဆာစနစ်က ပြည်သူတွေတင်မက စစ်အုပ်စုဝင်တွေ ၊ မဘသ ဆိုသူတွေ နဲ့ စစ်လော်ဘီတွေပါမကျန် ဒုက္ခရောက်စေမှာဖြစ်တယ်လို့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောထားကြပါတယ်။
  • ရခိုင်ပြည်နယ်ကို အများစု သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်-AA နဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် -BGB တို့အကြား အပြန်အလှန်စွပ်စွဲ ပြောဆိုမှုတွေနဲ့ ဆက်ဆံရေး တင်းမာလာတယ်လို့ သိရပါတယ်။
  • မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကို သူတို့ကသာ ကာကွယ်စောင့်ရှောက်နေရပါတယ်ဆိုပြီး တတွင်တွင်ပြောဆိုနေတဲ့ အကြမ်းဖက် စစ်တပ်ကပဲ မြင်းခြံမြို့နယ်၊ ကျောက်တိုင်ကျေးရွာမှာရှိတဲ့ ရွှေစေတီ ဘုန်းကြီးကျောင်းကို တိုက်ပွဲ ဖြစ်ပွားမှုမရှိပဲ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်သွားမှုကြောင့် ကိုရင်ကြီး ၁ ပါး ပျံလွန်တော်မူပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article