26.3 C
Yangon

တောင်သာ မင်းကန်ရွာအနီးရှိ ဓာတ်ငွေပိုက်လိုင်းစောင့်နေသော ရဲများက အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး အဓမ္မပြုကျင့်

Must read

🟥 ရုံစည်းကြီးတွင်လည်း အဓမ္မပြုကျင့်ခံထားရသော အမျိုးသမီး ၆ ဦးကို စစ်တပ်က နေအိမ်တစ်လုံးတွင် ပိတ်လှောင်ထားပြီး နေ့စဉ် ဖျော်ဖြေခိုင်း

ရန်ကုန်၊ စက်တင်ဘာ ၂၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မင်းကန်ရွာအနီးရှိ ဓာတ်ငွေပိုက်လိုင်းစောင့်နေသော ရဲများက အမျိုးသမီး ၁ ဦးကို ဖမ်းဆီး ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် မင်းကန်ရွာ ဘိုးဘွားဂိတ်အနီးရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်နေသော ရဲများက မင်းကန်ရွာမှ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသော အမျိုးသမီးသည် ယင်းနေ့ ညနေပိုင်း အလုပ်မှ ပြန်လာပြီး ရေခပ်ဆင်းချိန် တရုတ်ပိုက်လိုင်းစောင့်နေသော ရဲများက စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် အဓမ္မပြုကျင့်ကာ စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အဓမ္မပြုကျင့်ခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်သာမြို့ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားသော်လည်း လက်ရှိချိန်ထိ အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

“စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီလောက်က ဘိုးဘွားဂိတ်အနီးမှာရှိတဲ့ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစောင့်နေတဲ့ ရဲခွေးတွေက မင်းကန်ရွာက အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးကို စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးတာ ည ၉ နာရီမှာ ပြန်လွှတ်မယ်ပြောပြီး နံနက်ရောက်မှာ အဓမ္မပြုကျင့်ပြီး ပြန်လွှတ်တာလို့ သိရတယ်။ အဲကိစ္စနဲ့ ပတ်သက်ပြီး တောင်သာမြို့ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားပေမယ့် လက်ရှိချိန်ထိ အရေးယူဆောင်ရွက်တာမရှိသေးဘူးလို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့က စတင်ပြီး မလှိုင်မြို့ဘက်မှ လာရောက်၍ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော မြင်းခြံမြို့မှ သီတာယုမွန်၏ ပျူစောထီးများနှင့် မှော်ဘီ ရဲတပ်ရင်း ၅ မှ ရဲများက ကျေးရွာနေ အမျိုးသမီး ၆ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ အဓမ္မပြုကျင့်ပြီးနောက် အမျိုးသမီး ၆ ဦးကို ဖမ်းဆီးထားကာ နေအိမ် တစ်လုံးတွင် ပိတ်လှောင်ထားပြီး သီချင်းဆိုပြီး ကပြ ဖျော်ဖြေခိုင်းကာ နေ့စဉ် အဓမ္မပြုကျင့်နေကြောင်း သိရှိရသည်။

“ရုံးစည်ကြီးမှာတပ်စွဲထားတဲ့ မြင်းခြံ ပျူစောထီးအဖွဲ့နဲ့ မှော်ဘီ ရဲတပ်ရင်း ၅ က ရဲတွေကလည်း သူတို့ရောက်ရှိစဉ် ကာလအတွင်းမှာ အမျိုးသမီး ၆ ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်ထားတယ်။ အဲလိုဖမ်းပြီးတော့ တိုက်တစ်လုံးအတွင်းမှာ ပိတ်လှောင်ထားပြီး သီချင်းဆိုကပြဖျော်ဖြေခိုင်းတယ်။ နောက်ပြီး နေ့စဉ် မုဒိမ်းမှု ကျူးလွန်နေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရုံးစည်ကြီးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများကို နေ့စဉ် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article