ဗန်းမောက်မြို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင်ခဲ့ပြီး စက်တင် ဘာလ ၂၀ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွင် ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ ၆၁၄၊ ၉၇၂ ၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (နသလ) ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြို့သို့ စစ်ကူလာသော ကား ၁ စီးပါ ရန်သူ့စစ်ကြောင်းအားလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် ၁၀ ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်ထံမှ G-3 ၂ လက်၊ Uzi ၁ လက်၊ AK ၁ လက်၊ ကျည်မျိုးစုံ ၁၂၈၇၆ တောင့်၊ ၁၂၀ မမ ဗုံးသီး ၂၈ လုံး၊ ၈၁ မမ ဗုံးသီး ၇ လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ ၁၀၀ လုံး၊ RPG ၁ လုံး၊ မျက်ရည်ယို ဗုံးသီး ၈၃ လုံး၊ 9Volt ကျည် ၇၀၂ တောင့်၊ အီနာဂါဗုံးသီး ၅၁ လုံး၊ နင်းမိုင်း ၃ လုံး၊ တိုက်မိုင်းမျိုးစုံ ၂၀ လုံး၊ ဖိုက်ဘာမိုင်း ၇ လုံး၊ ၉ မမ ကာဘိုင်ကျည် ၁၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၂၉ ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်ဘ်ကမှ SNA ဗိုလ် ၁ ဦးအပါ အလောင်း ၇ လောင်းအား ရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၆ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ဗန်းမောက်မြို့ဝန်းကျင်မှ စစ်တပ်နှင့်SNA က ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို့ ဆုတ်ခွာပူးပေါင်းသွားကြောင်း သိရှိရသည်။
ဗန်းမောက်မြို့သိမ်းတိုက်ပွဲကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် ၁ စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် ၂၊ ၄၊ ၅ တပ်ရင်း၊ ကသာခရိုင် အမှတ် ၁၊ ၃ တပ်ရင်း ထုတ်နုတ်အဖွဲ့၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ဗန်းမောက်မြို့နယ်ပကဖ၊ ထီးချိုင့်မြို့နယ်ပကဖ၊ ကသာမြို့နယ်ပကဖ၊ အမှတ် ၁ စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း ၁၊ ၂၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် ၁ လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဒရုန်းအဖွဲ့များ ၊ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် ၁ စစ်ဒေသ၊ ကသာခရိုင် ပကဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar










