25.2 C
Yangon

တမူးမြို့နယ်၊ မြို့သစ်မြို့၊ ခမရ ၃၄၇ တပ်ရင်း မှ စစ်မှုထမ်း အပတ်စဉ် ၁ သင် တန်းဆင်း ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်ခဲယမ်းများ ယူဆောင်အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့၊ ခမရ ၃၄၇ တရင်း မှ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ဒုတပ်ကြပ် ၁ ဦး သေနတ် ၁ လက်နှင့်ခဲယမ်းများ ယူဆောင်အလင်းဝင်လာကြောင်း တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်းမှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၃ ရက်နေ့ မြို့သစ်မြို့၊ ကျွန်းပင်သာရွာတွင် SNA ရှမ်းနီတပ်၏ အကူအညီဖြင့် အခိုင်အမာ တပ်စွဲထားသော ခမရ ၃၄၇ တပ်ရင်း မှ ဒုတပ်ကြပ် သန့်ဇင်ဦးသည် သေနတ် ၁လက်နှင့်ခဲယမ်းများယူဆောင်လာပြီး တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း ထံသို့ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ အလင်းဝင်လာသော ဒုတပ်ကြပ် သန့်ဇင်ဦးသည် ခမရ ၃၄၇ တပ်ရင်းဖြစ်ပြီး စစ်မှုထမ်း အပတ်စဉ် ၁မှ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ MA-1 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ ၅.၅၆ ကျည် ၂၅ တောင့် ယူဆောင်ကာ အလင်းဝင်ခဲ့ကြောင်း သိရှိရသည်။

အလင်းဝင်လာသူ ဒု-တပ်ကြပ် သန့်ဇင်ဦးကို တမူးခရိုင်၊ အမှတ် ၂ တပ်ရင်းက ငွေကျပ် သိန်း ၅၀ ကျပ်တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ၎င်းသွားလိုရာသို့လည်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းတက်ရောက်ခဲ့ရသော ဒုတပ်ကြပ် သန့်ဇင်ဦးမှာ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းကြေးအဖြစ် တောင်းခံသော ငွေကျပ် ၁၁ သိန်းကို မပေးချင်သောကြောင့် စစ်တပ်ထဲ ဝင်လာခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်အပေါ် ပြည်သူလူထု၏ ထောက်ခံမှု မရှိသည်ကို တဖြည်းဖြည်း သိရှိလာသဖြင့် အချိန်မလွန်ခင် အလင်းဝင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“အလင်းဝင်ရောက်လာတဲ့သူက ဘယ်မြို့နယ် ဇာတိလဲဆိုတာတော့ သူလုံခြုံရေးအရ ဖြေပေးလို့မရပါဘူး။ အခုလောလောဆယ်တော့ ဆုကြေးငွေပေးအပ်ပြီး လုံခြုံတဲ့နေရာမှာ ထားပေးထားပါတယ်။ ပြီးရင်တော့အလင်းဝင်သူဆန္ဒအလျောက် လွတ်မြောက်နယ်မြေတစ်နေရာကို ပို့ဆောင်ပေးမှာပါ။ သူက ဧရာဝတီတိုင်း ကွင်းကောက်မြို့နယ် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ /၂၀၂၄ကို တက်ခဲ့သူပါ “ဟု တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်းမှ တာဝန်ရှိသူက ရှင်းလင်း ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းပါဝင်ချင်သူများကိုလည်း တမူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျက်ရှိကြောင်း တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article