ရန်ကုန်၊ စက်တင်ဘာ ၂၂
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံတွင် တပ်စွဲထားသော စစ်တပ်နှင့်ရဲတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၃လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Pakokku – Special Task Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် နံနက် ၁ နာရီ ၄၀ မိနစ်ခန့်တွင် ပခုက္ကူမြို့၊ရထားဘူတာအနီး မြန်မာ့မီးရထား ကွန်ကရစ် ဇလီဖားတုံးစက်ရုံအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ရဲ ၄ ဦး သေဆုံးကာ၊ G 3 သေနတ် ၁ လက်၊ 7.62mm ကျည်သုံး ကာဘိုင် သေနတ် ၁ လက်၊ AK သေနတ် ၁ လက်နှင့်ကျည် ၅၀ တောင့် တို့ကို သိမ်းဆည်းရမိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“ပခုက္ကူမြို့ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားတုံး စက်ရုံ အတွင်းမှာရှိတဲ့ စစ်ခွေးတွေကို ကျနော်တို့ ရဲဘော် ၇ ဦးက ပြောက်ကျား ပုံစံနဲ့ ဝင်ရောက်တိုက် ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှု အတွင်းမှာတော့ ရဲခွေး ၄ ကောင်သေပြီး သေနတ် ၃ လက် သိမ်းဆည်းနိုင်ခဲ့တယ်။ ကျနော်တို့ ရဲဘော်တွေ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ပခုက္ကူမြို့နယ်တွင်းမှာ စစ်ခွေး ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ အနေနဲ့ မြို့တွင်း တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် “ဟု Pakokku – Special Task Force မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။
ပခုက္ကူမြို့နယ်တွင် စစ်ကော်မရှင်က ဦးစီးပြုလုပ်သည့် အတုအယောင် ရွေး ကောက်ပွဲကို ဆန့်ကျင်ကြောင်းပြသသည့်အနေဖြင့် ပခုက္ကူမြို့ပေါ် မစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း စစ်ကော်မရှင် စိတ်တိုင်းကျ ပြုလုပ်မည့် အဆိုပါရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ပါရန် Pakokku – Special Task Force က အသိပေးနှိုးဆော်ထားသည်။
အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force ပခုက္ကူမြို့နယ် တပ်ရင်း ၁ ပကဖ မှ ရဲဘော်ဒီး ဦးဆောင်သည့် တော်လှန်ရေးရဲဘော် ၇ ဦး တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


