ရန်ကုန်၊ စက်တင်ဘာ ၂၄
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကမ္ဘာ့အဏုမြူ ဖိုရမ်-၂၀၂၅ သို့ တက်ရောက်ရန်အတွက် ယနေ့ နံနက်ပိုင်း နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ကမ္ဘာ့အဏုမြူ ဖိုရမ်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မင်းအောင်လှိုင်ကို တက်ရောက်ရန် ရုရှားခေါင်းဆောင် ပူတင်က ဖိတ်ကြားခြင်းဖြစ်ကြောင်း၊ အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။
မင်းအောင်လှိုင်သည် အဆိုပါ ကမ္ဘာ့အဏုမြူ ဖိုရမ်သို့တက်ရောက်ရန် ၎င်းသီးသန့် အသုံးပြုရန် ဝယ်ယူထားသော MAI A319-115 (MSN 5193) အထူးလေယာဉ် XY-ALK ဖြင့် ထွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – နိုင်ငံပိုင်ငွေကြေးဖြင့် ဝယ်ယူထားသော လေယာဉ်ကို မိသားစုပိုင်အဖြစ် အသုံးပြုနေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့်မိန်းမ ကြူကြူလှ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
