ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးမှာ စစ်တပ်ကိုယ်စားလှယ် ၁ ဦးကို ထည့်သွင်းဖွဲ့စည်းရမယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီး အဲဒီညွှန်ကြားချက်မှာ နောင်လာမယ့်အစိုးရအဆက်ဆက် ကျင့်သုံးရမှာဖြစ်တယ်လို့ စစ်တပ်ရဲ့ထုတ်ပြန်ချက်နဲ့ နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
- ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ကို ရောက်ရှိသွားတဲ့ စစ်တပ်စစ်ကြောင်းက ဘောလခဲဘက်ကို ဦးတည်နေတာကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်ကိုတိုက်ခိုက်ချိန် စစ်ကော်မရှင်နဲ့ ပူးပေါင်းဆောင် ရွက်နေတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီအတွက် ထိခိုက်ပျက်စီးမှုတွေရှိလာရင် တာဝန်ယူမှာမဟုတ်ဘူးလို့ ဆားလင်းကြီး မြို့နယ်ပကဖမှ ပြည်သူ့ရေးရာ ဒုတာဝန်ခံ ကိုဇော်ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
