26.2 C
Yangon

KNU ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦး၊ AA နှင့် PDF တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် အမှုဖွင့်ထားပြီး Khit Thit Media ကိုမူ နေပြည်တော်တွင် အမှုဖွင့်ထားဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၄

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ AA တပ်ဖွဲ့၊ ချင်းပြည် Chinland အစိုးရအဖွဲ့ဝင် ၁၇ ဦးနှင့် Khit Thit Media တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း စစ်ကော်မရှင်က ယနေ့ ထုတ်ပြန်ကြေညာသည်။

KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှုဆောင်များ၊ အပါအဝင် ၁၃ ဦးကို ဩဂုတ် ၁၂ ရက်နေ့ ရွေးကောက်ပွဲ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများကြောင့် လှိုင်းဘွဲ့မြို့မရဲစခန်း တွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

စစ်တပ်က အမှုဖွင့်သူများတွင် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး၊ ပဒိုစောသောသီဘွဲ၊ ပဒိုစောလှထွန်း၊ ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ စောတာမလာသော၊ ပဒိုစောလော်အယ်မူး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုနော်ဒါးဒါးနှင့် ပဒိုစောတောနီး ၊စောဆာပုလဲဒီဝမ်းတို့ပါဝင်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

ထို့ပြင် ဩဂုတ် ၂၇ ရက်နေ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် မဲပေးစက် အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေစဉ် ဒရုန်းဖြင့် ဗုံးကျဲချမှုအတွက် AA နှင့် PDF တပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၄ ရက်တွင် လေးမျက်နှာမြို့နယ်၊ အိုင်သပြု နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

အလားတူ ဩဂုတ် ၃၁ ရက်နေ့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ရွေး ကောက်ပွဲ ပျက်ပြားစေရန် ဟောပြောမှုဖြင့် ချင်းပြည်နယ် (Chinland) အစိုးရ အဖွဲ့မှ ဦးပါထန်း၊ ဒေါက်တာ ရွှေခါရ်း၊ ဦးထောင်ဇလျန်း၊ ဦးရိုဘင်၊ ဦးစိန်အောင်၊ ဆလိုင်းခရော်စ်ထန်း၊ ဒေါက်တာ ရှရွန်ပါရ်၊ ဦးဆလိုင်းမနားကီး၊ ဆလိုင်း ဂျိုးဇက် လားရမ်းလော်မာ၊ ဒေါ်နီဆွီလျန်၊ ဦးမန်အုပ်ခမ်၊ ဦးထန်ကမ်းလျန်၊ ဦးမောင်ဦး၊ ဦးဟာမိုရုန်းလျန်၊ ဦးဇလိုင်းဇထောင်း၊ ဒေါက်တာ တိာနှင်းနှင့် ဦးဇင်ကျုံး အပါအဝင် စုစုပေါင်း ၁၇ ဦးကို စက်တင်ဘာ ၄ ရက်နေ့ ဟားခါးမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရှိရသည်။

ထို့ပြင် စက်တင်ဘာ ၄ ရက်နေ့ ရွေးကောက်ပွဲ ပျက်ပြားစေရန် လှုံ့ဆော်ရေး သားသည်ဟုဆိုကာ Khit Thit Media ကိုလည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် ၁ မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

စစ်တပ်က အမှုဖွင့်ရာတွင် ၂၀၂၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ၊ ပုဒ်မ ၂၃ (က) ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မမှာ ထောင် ဒဏ်အနည်း ဆုံး သုံးနှစ်မှ အများဆုံး ခုနစ်နှစ်အထိချမှတ်နိုင်သော ပုဒ်မလည်းဖြစ်သည်။

ဓာတ်ပုံ – စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲပေးစက်ဖြင့် စမ်းသပ် မဲပေးလေ့ကျင့်နေကြစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲပေးစက်ဖြင့် စမ်းသပ် မဲပေးလေ့ကျင့်နေကြစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article