27.2 C
Yangon

မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ထိုင်းမြေပေါ်သို့ ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်တိုက်ပွဲအတွင်း မြန်မာဘက်မှ ပစ်ခတ်သော လက်နက် ကြီးကျည် ထိုင်းမြေပေါ်သို့ ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်က နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ မြ၀တီမြို့နယ်၊ လေးကေ့ကော်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေစဉ် မြန်မာဘက်မှ ပစ်ခတ်လိုက် သော လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ ကျရောက် ပေါက်ကွဲမှုကြောင့် လူထိခိုက်ခြင်းမရှိသော်လည်း ထိုင်းနိုင်ငံက မြန်မာဘက်သို့ တရားဝင် ကန့်ကွက်လွှာပေးပို့လိုက်ကြောင်း သိရှိရသည်။

ထိုသို့ ကန့်ကွက်လွှာပေးပို့ပြီးနောက် ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်လုံးတွင် ထိုင်းစစ်တပ်က ကင်းလှည့်ခြင်းနှင့် လုံခြုံရေးတိုးမြှင့်မှုများကို လုပ်ဆောင်လာကြောင်း၊ ထိုင်းဘက်အခြမ်းတွင် ၂၄ နာရီ လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ စစ်တပ်က မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့သို့ စစ်ကြောင်းများ စတင်ထိုးလာပြီး စွယ်တော်အမြောက်ကုန်းကို ရရှိရေး ကြိုးပမ်းထိုးစစ်ဆင်လာကြောင်း၊ ယင်းနေ့မှစတင်၍ ယနေ့ စက်တင်ဘာ ၂၅ ရက်နေ့ အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article