27.2 C
Yangon

ကော့ကရိတ်မြို့နယ်၊ ကော့ဒေးဆိုင် ဘုန်းကြီးကျောင်းကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီး၊ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဒေးဆိုင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကော့ဒေးချိန်ရွာရှိ ကော့ဒေးဆိုင် ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများသည် ကော့ဒေးဆိုင် ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူများနှင့် သံဃာတော်များ ထိခိုက်မရှိသော်လည်း ဘုန်းကြီးကျောင်းဆောင်များ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“ကျုံဘိုင်းကျေးရွာအုပ်စုမှာရှိတဲ့ ကော့ဒေးချိန်ရွာ ကော့ဒေးဆိုင် ဘုန်းကြီးကျောင်းကို စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူတွေ ထိခိုက်မှု မရှိပေမယ့် ဘုန်းကြီးကျောင်းဆောင်တွေတော့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် ကော့ကရိတ်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပြည်သူများ နေထိုင်သော ကျေးရွာများကို နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ကော့ကရိတ်မြို့နယ်၊ အင်းကြီးရွာနှင့် ကျုံဘိုင်းရွာတို့တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေ၍ ဩဂုတ် ၃၀ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၂၁ ရက်နေ့ အထိ ပြင်းထန်စွာ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင် ထိခိုက်သေဆုံးထားပြီး အကြိမ်ကြိမ် တပ်လန်၍ ရှေ့ဆက် မတိုးနိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် လူနေအိမ်များကို မြေပြင် စစ်ကြောင်းက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article