24.2 C
Yangon

ထိုင်းရောက် မြန်မာနိုင်ငံသားများ၏ CI စာအုပ်မှ နိုင်ငံကူးလက်မှတ် (PJ) သို့ ပြောင်းလဲလျှင် ထိုင်းနိုင်ငံအတွက်သာ အသုံးပြုခွင့်ပြုသည်ဆိုသော စာတမ်းများ ယနေ့မှစတင်၍ ရိုက်နှိပ်ထုတ်ပေး

Must read

🟥 သက်တမ်းတိုး နိုင်ငံကူးလက်မှတ်များကိုပါ ကန့်သတ်လာနိုင်၍ စိုးရိမ်မှုများရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၂၅

ထိုင်းရောက် မြန်မာနိုင်ငံသားများ CI စာအုပ်မှ နိုင်ငံကူးလက်မှတ် (PJ) စာအုပ်ပြောင်းလဲသောအခါ ထိုင်းနိုင်ငံအတွက်သာ အသုံးပြုခွင့်ပြုသည်ဆိုသော စာတမ်းများ နိုင်ငံကူးလက်မှတ်တွင် ယနေ့မှစတင်၍ ရိုက်နှိပ်ထုတ်ပေးကြောင်း ဗီဇာနှင့်ဘတ် လျှောက်ထားမှု ဝန်ဆောင်မှုပေးနေသော အေးဂျင့်များထံမှ စုံစမ်းသိရှိရသည်။

ယနေ့ ထိုင်းနိုင်ငံ၊ မဟာချိုင်တွင် CI စာအုပ်မှ PJ နိုင်ငံကူးလက်မှတ်သွားရောက် လဲလှယ်သူများကို နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရာတွင် ယင်းကဲ့သို့ ထိုင်းတစ်နိုင်ငံတည်းအတွက်သာ အသုံးပြုခွင့်ပြုသည်ဆိုသော စာတမ်းများကို နိုင်ငံကူးလက်မှတ်တွင် ရိုက်နှိပ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့မှ စ ဖြစ်တာပါ။ ကျွန်မတို့ ဝန်ဆောင်မှုပေးတဲ့ မဟာချိုင်ရုံးမှာထွက်လာတဲ့ စာအုပ်တွေ အကုန်လုံး အဲဒီလိုဖြစ်နေတာ။ CI သမားတွေ PJ ပြောင်းရင် ထိုင်းပဲ သီးသန့် ပေးတော့တာ”ဟု CI မှ PJ- နိုင်ငံကူးလက်မှတ်ပြောင်းလဲမှု ဝန်ဆောင်မှု ပေးနေသည့် အေးဂျင့်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် CI စာအုပ်အစိမ်းမှ PJ စာအုပ်ရက်ချိန်းရ၍ သွာယူသော မြန်မာအလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်များအားလုံးတွင် 𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁 𝗙𝗼𝗿 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱 𝗢𝗻𝗹𝘆 ဆိုသည့် ထိုင်းတစ်နိုင်ငံတည်းအတွက်သာ အသုံးပြုခွင့်ပြုသည်ဆိုသော တံဆိပ်တုံးများ ရိုက်နှိပ်ထားခြင်းဖြစ်သည်။

CI မှ PJ နိုင်ငံကူးလက်မှတ်သို့ပြောင်းလဲသူများသာ လတ်တလော 𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁 𝗙𝗼𝗿 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱 𝗢𝗻𝗹𝘆 ဆိုသော တံဆိပ်တုံး နိုင်ငံကူးလက်မှတ်တွင် ထုခံရခြင်း ဖြစ်ပြီး မြန်မာသံရုံးက ထုတ်ပေးနေသော နိုင်ငံကူးလက်မှတ် သက်တမ်းတိုးများတွင်မူ အဆိုပါ စာတမ်း မပါဝင်သေးဟု သိရှိရသည်။

“အခုလောလောဆယ် CI to PJ သမားတွေ ဟုတ်တယ်ဗျ။ မဟာချိုင်ရုံးမှာ လဲတဲ့ လူတွေ အဲဒီလို ဖြစ်သွားပြီ။ သံရုံးမှာတော့ မရှိသေးဘူး”ဟု ဗီဇာနှင့်ဘတ် ဝန်ဆောင်မှုပေးနေသည့် အေးဂျင့်ကဆက်လက်ရှင်းပြသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်က CI စာအုပ်မှ PJ စာအုပ်သို့ ပြောင်းသူများကို 𝗣𝗮𝘀𝘀𝗽𝗼𝗿𝘁 𝗙𝗼𝗿 𝗧𝗵𝗮𝗶𝗹𝗮𝗻𝗱 𝗢𝗻𝗹𝘆 တံဆိပ်တုံး နှိပ်လိုက်ခြင်းသည် PJ ပြောင်းကာ ထိုင်းနိုင်ငံမှတစ်ဆင့် တတိယနိုင်ငံများဆီသို့ ထွက်ခွာရန် ကြိုးစားလိုသော မြန်မာလူငယ်များကို လွတ်လပ်စွာ သွားလာခွင့်ကို ဖိနှိပ်ချုပ်ခြယ်ခြင်းဖြစ်သည်ဟု ထိုင်းရောက် မြန်မာများက သုံးသပ်ပြောဆိုကြသည်။

“အခုက သံရုံးမှာ သက်တမ်းတိုးတဲ့ နိုင်ငံကူးလက်မှတ်တွေပါ အဲဒီလို ကန့်သတ်လာမှာ စိုးရိမ်ရတယ်။ သူတို့က မဟုတ်တဲ့နေရာမှာ တွေးတောပြီး ကန့်သတ်လွန်းလို့ ” ဟု ထိုင်းနိုင်ငံ၊ ပုဂ္ဂလိက ဘန်ကောက်တက္ကသိုလ်တွင် Mass Communication တက်ရောက်နေသူ မြန်မာကျောင်းသူတစ်ဦးက သုံးသပ်ပြောဆိုသည်

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article