24.2 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးနိုင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးနိုင်ကြောင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန် ချောင်းဦးမြို့နယ် နတ်ရေကန်ဂိတ်မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ ခြေလျင် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နတ်ရေကန်နှင့် ရေပိုးစား အကြားရှိ နေလကျောက်ခွဲစက်အနီး၌ ပဒေသာမိုင်း ၂ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး သေဆုံးနိုင်ပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့ စစ်ခွေး ၂ ယောက် ကတော့ သေဆုံးနိုင်ပါတယ်။ အခြေအနေ တော်တော်ဆိုးတယ်လို့ သိရတယ်။ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု People’s Defense Force – South Monywa မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်၊ နတ်ရေကန် စစ်တပ်ဂိတ်မှ ဒိုင်နာ ၆ ဘီး ကား ၁ စီးဖြင့် ထွက်လာသော စစ်သားများကိုလည်း People’s Defense Force – South Monywa အဖွဲ့က နတ်ရေကန်နှင့် ရေပိုးစား အကြားရှိ နေလကျောက်ခွဲစက်အနီးတွင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article