24.4 C
Yangon

ကျောက်မဲမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်က အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး သံဃာ ၁ ပါး အပါအဝင် စုစုပေါင်း စစ်ဘေးရှောင် ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ် ဖြတ်ခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်က အသက် ၁၄ နှစ်အရွယ်မိန်းကလေးငယ်ကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ပြီး သံဃာ ၁ ပါး အပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦးကို ရက်ရက်စက်စက် ပစ်ခတ်သတ် ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများနှင့် အသတ်ခံရသူများ၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်း ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာအနီးသံဃာတော် ၁ ပါးနှင် စစ်ဘေးရှောင် သားအမိ ၃ ဦးဖြစ်သော အသက် ၄၈ နှစ်အရွယ် ဒေါ်လျန်း၊ သမီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် နန်းသိန်းဆာ၊ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် စိုင်းမောင်တို့ကို စစ်တပ်က တွေ့ရှိသွားကြောင်း၊ ယင်းနောက် စစ်တပ်က အသက် ၁၆ နှစ်အရွယ် နန်းသိန်းဆာကို မုဒိမ်းကျင့်ပြီး ပထမ ဦးစွာ သတ်ဖြတ်ကြောင်း၊ ထို့ပြင် ဒေါ်လျန်းနှင့် စိုင်းမောင်တို့ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ သံဃာတော်မူကို ကျေးရွာအနီးတွင်ပင် သတ် ဖြတ် ခဲ့ကြောင်း သိရှိရသည်။

“အသတ်ခံရသူတွေက စစ်ဘေးရှာင်နေတဲ့ နားအိုက်ခန့်ကျေးရွာကပါ။ မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ထားတာ မြင်လို့တောင် မကောင်းဘူး။ အမေရော မောင်လေးကိုရော သတ်သွားတယ်။ ဦးဇင်းတစ်ပါးကိုလည်း သတ်သွားတယ်။ စုစုပေါင်း သေဆုံးတာ ၄ ဦးပါ။ စစ်တပ်အသုံးအဆောင်တွေ ယူနီဖောင်းတွေ ဘောင်းဘီတွေ ကျန်ခဲ့တယ်။ တဲထဲမှာ” ဟု ဖြစ်စဉ်ကို သိရှိထားသော ဒေသပြည်သူက ပြောဆိုသည်။

သျှမ်းကျောင်းသားသမဂ္ဂကလည်း ကျောက်မဲမြို့နယ်တွင် စစ်တပ်က အသက်မပြည့်သေးသော မိန်းကလေးငယ် ၁ ဦးကို အဓမ္မကျင့်သတ်ဖြတ်ခဲ့ကာ သံဃာ ၁ ပါးအပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦးကိုသတ်ဖြတ်ခဲ့ကြောင်း ယမန်နေ့သတင်းထုတ်ပြန်သည်။

အသတ်ခံထားရသော မိသားစု ၃ ဦးနေထိုင်သည့်တဲထဲတွင် စစ်ကောင်စီတပ်သားများ၏ ယူနီဖောင်းကျန်ရစ်ခဲ့ကြောင်း၊ ယခု ကဲ့သို့ အပြစ်မဲ့ပြည်သူများကို စစ်ရာဇဝတ်မှုကျူးလွန်နေသည့် စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ အရေးယူပေးရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို သျှမ်းကျောင်းသားသမဂ္ဂက တောင်းဆိုသည်။

သျှမ်းကျောင်းသားသမဂ္ဂအနေဖြင့် ပြည်သူများအပေါ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်ကောင်များကို ရရာနည်းဖြင့် အပြစ်ပေးအရေးယူသွားနိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ဆက်လက် ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article