31 C
Yangon

ရွာငံမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းပေါ် မြေပြိုကျပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းပေါ် မြေပြိုကျပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း DSNDA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရွာငံမြို့နယ်အတွင်း မိုးသည်းထွန်စွာ ရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းတစ်ခုပေါ်ကို တောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူ ၁၀ ဦးထက်မနည်း မြေကြီးထဲ နစ်မြုတ်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၁၀ ဦးသည် ကျောက်တောကျေးရွာမှ စစ်ဘေးရှောင် ပြည်သူများဖြစ်ပြီး အသက် ၆၀ နှစ်အရွယ် ၊ အသက် ၄၅ နှစ်အရွယ် ၊ အသက် ၂၂ နှသ် အရွယ် ၊ အသက် ၁၀ နှစ် အရွယ် ၊ အသက် ၇ နှစ် အရွယ် အမျိုးသား ၅ ဦးနှင့် အသက် ၆၅ နှစ်အရွယ် ၊ အသက် ၄၇ နှစ်အရွယ် ၊ အသက် ၃၆ နှစ်အရွယ် ၊ အသက် ၂၄ နှစ်အရွယ် ၊ အသက် ၁ နှစ်ခွဲအရွယ် အမျိုးသမီး ၅ ဦး သေဆုံးခဲ့ပြီး အသက် ၂၂ နှစ် အရွယ် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းတစ်လောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“သေဆုံးသူက အမျိုးသား ၅ ဦးနဲ့ အမျိုသမီး ၅ ဦးပါ။ သေဆုံးသူ အကုန်လုံးက ကျောက်တောကျေးရွာက စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေပါ။ သေဆုံးသူ ၁၀ ဦးရဲ့ အမည်တွေတော့ ထုတ်မပြတော့ပါဘူး” ဟု DSNDA မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံ က ပြောဆိုသည်။

လတ်တလော ရွာငံမြို့နယ်သို့ စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး အင်အား ၁၂၀ ခန့်ပါဝင်သော စစ်တပ်ကစစ်ကြောင်းက ကျေးရွာများကိုဝင်ရောက် စစ်ကြောင်းထိုးနေကြောင်း၊ စစ်တပ်က နယ်မြေရှင်းလင်းဟု အကြောင်းပြကာ ရွာငံမြို့နယ်၊ ကျောက်တောရွာမှ နေအိမ် ၂၃ လုံးနှင့် စပါးကျီများကို မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ပြည်သူများမှာ လက်ရှိအချိန်အထိ ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article