26.2 C
Yangon

စစ်တပ်၏ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများ၊ အမတ်လောင်း များနှင့် ကူညီပေးသူများကို ပြတ်ပြတ်သားသား အရေးယူမည်ဟု ချင်းညီနောင် သတိပေးကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရန် ကူညီဆောင်ရွက်ပေးသူများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဟု ချင်းညီနောင်က တရားဝင် သတိပေး ကြေညာလိုက်ကြောင်း ချင်းညီနောင် အတွင်းရေးမှူး ဆလိုင်း ဘွေအုပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် တရားမဝင် အတုအယောင် ရွေးကောက် ပွဲကို စတင်မည်ဟု အ ကြမ်းဖက် စစ်ကော်မရှင်သည် ကြေညာထားပြီးဖြစ် ကြောင်း၊ ချင်းညီနောင်အနေဖြင့် မိမိတို့ ထိန်းချုပ် နယ်မြေအတွင်း၌ အတု အယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကြိုးပမ်းဆောင်ရွက်မှုများအားလုံး ကို တားမြစ်လိုက်ကြောင်း အသိပေးထားသည်။

“အရေးယူတဲ့အပိုင်းမှာတော့ ပိုင်ဆိုင်မှု ပစ္စည်းသိမ်းတာရယ်၊ လူကိုယ်တိုင်က ချင်းညီနောင် ထိန်းချုပ် နယ်မြေထဲမှာ ရှိနေရင် လူပုဂ္ဂိုလ်တွေကို ထိန်းသိမ်းတာမျိုး လုပ်သင့်ရင် လုပ်ဖို့ပါ။ ပြည်သူတွေ အနေနဲ့ ထုတ်ပြန်ချက်မှာ ပါတဲ့အတိုင်းပဲ စကမရဲ့ ပြည်တွင်း ပြည်ပ ပြည် သူလူထုကို လှည့်စားဖို့ ရည်ရွယ်ထားတဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝ မပါဝင်ကြဖို့၊ ရရာနည်းလမ်းနဲ့ တားဆီး ဟန့်တားကြဖို့ လိုပါတယ်” ဟု ချင်းညီနောင်အတွင်းရေးမှူး ဆလိုင်းဘွေအုပ်က သတိပေးပြောဆိုသည်။

အကြမ်းဖက် စစ်ကော်မရှင်သည် ပြည်သူလူထု၏ သဘောဆန္ဒမပါဘဲ တရားမဝင်ရွေး ကောက်ပွဲ ဖန် တီး ပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေမှုသည် ဒီမိုကရေစီစနစ်ကို ဆန့် ကျင်ကာ ပြည်သူလူထု ၏ အချုပ်အခြာအာဏာကို အတင်း အဓမ္မ ရယူရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ချင်းညီနောင်တပ်ဖွဲ့က ထောက် ပြထားသည်။

အကြမ်းဖက် စစ်ကော်မရှင်သည် တရားမဝင် ရွေးကောက်ပွဲ ကျင်းပရန် ကြိုး ပမ်းနေစဉ်ကာလအ တွင်း နိုင်ငံရေးအကျဉ်းသားများ ဆက်လက်ဖမ်းဆီးထားခြင်း၊ နိုင်ငံတစ်ဝှမ်းလုံးရှိ အရပ်သားပြည်သူ များ ပစ်မှတ် ထားတိုက်ခိုက်ခြင်း၊ စစ်အုပ်ချုပ်ရေးကဲ့သို့ တင်းကြပ်သည့် ဥပဒေများ ချမှတ်ထားခြင်း နှင့် ပြည်သူ ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ မပါဝင်ခြင်းတို့ကြောင့် ၎င်းရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရား မျှတမှု မရှိသည့် အတုအယောင် ရွေးကောက်ပွဲဖြစ်ကြောင်း ချင်းညီနောင်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကော်မရှင်၏ တရားမဝင် ရွေးကောက်ပွဲရလဒ်သည် ဒီမိုကရေစီနည်းကျ ရွေး ကောက်တင်မြှောက်သည့် အစိုးရဖြစ်မလာစေသည့်အပြင် ပဋိပက္ခ ကို ပိုမိုကြီးထွားစေဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း တန်းတူ မဲ ပေးပိုင်ခွင့်မရှိဘဲ နိုင်ငံရေးအရ ထွက်ပေါက်ရှာခြင်းဖြစ်ပြီး စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်စေမည်ဖြစ်ကြောင်း သတိပေးသည်။

ထို့ကြောင့် ချင်းညီနောင်အနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ မိတ်ဖက်တော်လှန် ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ အကြမ်းဖက်စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ဆန့်ကျင်သွားမည်ဖြစ်ပြီး နိုင်ငံ တကာအဖွဲ့အစည်းများအနေ ဖြင့်လည်း အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ ကို အားပေးထောက်ခံခြင်း မပြုကြရန် မေတ္တာရပ်ခံထားသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် အဖိနှိပ်ခံ ပြည်သူလူထုတို့၏ ဘဝဆင်းရဲဒုက္ခကို မငဲ့ဘဲ အကြမ်းဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံ ရေးပါတီများ၊ လွှတ်တော်ကိုယ် စားလှယ်များနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရန် ကူညီဆောင်ရွက် ပေးသည့် မည်သူ မဆို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းညီ နောင်တပ်ဖွဲ့က ကြေညာထားသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ တော်လှန်ပြည်သူလူထုများ အနေဖြင့်လည်း အကြမ်း ဖက် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို ပါဝင်ဆောင်ရွက်ခြင်း မပြုဘဲ ဆန့်ကျင်တော်လှန်သွားကြကြရန် ချင်းညီနောင်က တိုက်တွန်းထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article