26.2 C
Yangon

မြန်မာနိုင်ငံတွင် နူကလီးယား အခြေခံ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး ဆောင်ရွက်ပေးရန် မင်းအောင်လှိုင်က ရုရှားကို ထပ်မံ အကူအညီတောင်း

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မြန်မာနိုင်ငံတွင် နူကလီးယား အခြေခံ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး အကူအညီပေးရန် မင်းအောင်လှိုင်က ရုရှားကို ထပ်မံ အကူအညီတောင်းခံသည်။

ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အကူအညီတောင်းခံလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်‌ ရေးအတွက် လိုအပ်သည့်နျူကလီးယားအခြေခံအဆောက် အဦ၊ လူ့စွမ်းအားအရင်း အမြစ်များနှင့် အခြားလိုအပ်သည့်လုပ်ငန်းများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ROSATOM တို့က တတ်နိုင်သမျှ မြန်မာနိုင်ငံကို ဆက်လက်ကူညီပေးပါရန် အလေးအနက်ထား မေတ္တာရပ်ခံကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီက ကြီးမှူး ကျင်းပသည့် နျူကလီးယားဥပဒေဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နျူကလီးယားဥပဒေကို ပြင်ဆင်ရေးဆွဲအကောင်အထည်ဖော် ဆောင် ရွက်လျက် ရှိကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

၂၀၂၅ ခုနှစ်အတွင်း ROSATOM နည်းပညာအကယ်ဒမီနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီတို့ ကြီးမှူးကျင်းပသည့် နိုင်ငံခြားကျွမ်းကျင်သူများအတွက် အမျိုးသားအဆင့်နျူကလီးယားအစီအစဉ်များ အကောင်အထည်ဖော်မှုတွင်ပါဝင်သည့် အငယ်စား နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနေရာချထားခြင်းဆိုင်ရာ ဒေသတွင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးသင်တန်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်များ မြန်မာနိုင်ငံမှာ အသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာကတည်းက ကြိုးစားခဲ့သော် လည်း အကြောင်းအမျိုးမျိုးကြောင့် တုံ့နှေးနေခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားနိုင်ငံနှင့်ပူးပေါင်းကာ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ကြိုးစားခဲ့မှု၊ ရုရှားနိုင်ငံ၏အဘက်ဘက်မှ အားဖြည့် ဆောင် ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာရရှိခဲ့ပြီး ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောသည်။

နျူကလီးယားစွမ်းအင်မှာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် Green Energy တစ်ခုလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေ ဖြင့် နျူကလီးယားစွမ်းအင်မှ တည်ငြိမ် သော လျှပ်စစ်ဓာတ်အားကိုထုတ်ယူပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်သွားရန် ရည်ရွယ်ထားကြောင်း မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်စွမ်းအားလိုအပ်ချက်မြင့်မားလျက်ရှိပြီး အသေး စား စက်မှုလုပ်ငန်းများနှင့် ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြည့် တင်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် နျူကလီးယား နည်း ပညာနှင့် ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် စက်မှုကဏ္ဍများတွင် ပိုမိုဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းမြစ်များ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ ပညာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပြီး စီမံလုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ROSATOM နှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် အခြေခံအဆောက်အဦများနှင့် အခြားသောကဏ္ဍ ပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေး ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိ မင်းအောင်လှိုင်က ဆက်ပြောသည်။

ထို့ပြင် မင်းအောင်လှိုင်က အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)ကလည်း မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင်အကောင်အထည်ဖော်ဆောင်ရာတွင် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article