26.2 C
Yangon

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်က ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အသက် ၁၆ နှစ် မှ အသက် ၅၆ နှစ်အရွယ် အမျိုးသမီး ၆ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာနေ ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး အသက် ၁၆ နှစ်မှ အသက်၅၆ နှစ်အရွယ် အမျိုးသမီး ၆ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြီး မလှိုင်မြို့ဘက်မှ လာရောက်၍ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာတွင် တပ်စွဲထားသော မြင်းခြံမြို့မှ သီတာယုမွန်၏ ပျူစောထီးများနှင့် မှော်ဘီ ရဲတပ်ရင်း ၅ မှ ရဲများက ကျေးရွာနေ အသက် ၁၆ နှစ်မှ ၅၆ နှစ်အရွယ် အမျိုးသမီး ၆ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုပျူစောထီးနှင့် ရဲများသည် စက်တင်ဘာလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် အသက် ၁၆ နှစ်အရွယ် မသီတာအောင် ၊ အသက် ၂၆ ရက် အရွယ် မယုယုချို ၊ အသက် ၅၆ နှစ်အရွယ် ဒေါ်အမြ ၊ မယမင်း ၊ အသက် ၂၇ နှစ်အရွယ် မလှအုံး နှင့် အသက် ၁၆ နှစ်အရွယ် မသက်နှင်းဝေ တို့ကို ၎င်းတို့ နေအိမ် အတွင်း၊ အုတ်ကျောင်းနှင့် ဗုံးခိုကျင်းတို့တွင် အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၅၀ နှစ်အရွယ် ဒေါ်အေးကြူ ကိုလည်း ပျူစောထီးများနှင့် ရဲများက ၎င်းနေအိမ်အတွင်း လိင်ပိုင်းဆိုင်ရာ စော် ကားပြီး မုဒိမ်းပြုကျင့်ရန် ပြုလုပ်စဉ် ထိုင်ကန်တော့၍ တောင်းပန်ခဲ့သောကြောင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးများနှင့် ရဲများသည် ရုံးစည်ကြီး ရွာသား အသက် ၄၅ နှစ်အရွယ် ကိုရဲ ကိုလည်း အုတ်ကျောင်းတိုက်အတွင်း ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း၊ ထို့ပြင် စိတ်ရောဂါခံစားနေရသော ကျေးရွာနေ ပြည်သူ အသက် ၅၆ နှစ်အရွယ် ဦးသောင်းညွန့်ကိုလည်း ၎င်းနေအိမ်အတွင်း ခြေ ၊ လက်များဖြတ်ကာ သတ် ဖြတ်ခဲ့ကြောင်း သိရှိရသည်။

“စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ရုံးစည်ကြီးရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးနဲ့ မှော်ဘီ ရဲတပ်ရင်း ၅ က ရဲခွေးတွေက အမျိုးသမီး ၆ ဦးကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့တာပါ။ အမျိုးသမီးတွေကို ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့တာပါ။ အဓမ္မပြုကျင့်ခံရသူတွေထဲမှာ အသက် ၅၆ နှစ်အရွယ် ဒေါ်အမြ ကတော့ အသက် အန္တရာယ် စိုးရိမ်ရတယ်။ ပျူစောထီး ၈ ကောင်က သူ့ကို အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခဲ့တာ သွေးထွက်လွန်နေလို့ အခုထိ ဆေးကုသနေရတယ်။ ကျေးရွာနေ အမျိုးသား ၂ ဦးကိုလည်း စစ်ခွေးတွေက ရက်ရက်စက်စက် သတ်ဖြတ်သွားပါတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က ကျေးရွာများသို့ ဝင်ရောက်ပြီး ပြည်သူများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် စစ်တပ်က ကျေးရွာများသို့ ဝင်ရောက်ပြီး ပြည်သူများကို စစ်ဆေးဖမ်းဆီးမှုများ လုပ်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article