သဲကုန်းရဲစခန်းအတွင်း ပစ်ခတ်မှုဖြစ်ပွားစဉ် သေနတ်သံကြောင့် နှလုံးရောဂါသည် အဘွားအို ၂ ဦး သေဆုံးခဲ့
ရန်ကုန်၊ စက်တင်ဘာ ၂၆
ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြိုနယ်တွင် ရဲဒုတပ်ကြပ် လင်းအောင်နှင့် ရဲတပ်သား လှဘုန်းမြင့်တို့ စကားများရန်ဖြစ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရဲဒုတပ်ကြပ် လင်းအောင် သေဆုံးသွားကြောင်း သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီအချိန် သဲကုန်းမြို့နယ်ရဲစခန်းတွင် ဒုတပ်ကြပ် လင်းအောင်နှင့် တပ်သား လှဘုန်းမြင့်တို့ စကားများရန်ဖြစ်ကြောင်း၊ ယင်းနောက် ရဲဒုတပ်ကြပ် လင်းအောင်က လက်နက်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လှဘုန်းမြင့်က ပြန်လည်ပစ်ခတ်ရာတွင် လင်းအောင် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်ခဲ့သူ တပ်သား လှဘုန်းမြင့်သည် ထွက်ပြေးလာရာ သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကူညီကယ်ဆယ်ထားကြောင်း သိရှိရသည်။
” ပစ်ခတ်ခဲ့ ရဲတပ်သား လှဘုးန်မြင့်ကို ကျနော်တို့ သဲကုန်း ပကဖ အဖွဲ့က ကူညီကယ်ဆယ် ထိန်းသိမ်းထားတယ်” ဟု သဲကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းပြသည်။
ထိုကဲ့သို့ သဲကုန်းမြို့နယ်ရဲစခန်းတွင် ပစ်ခတ်မှုဖြစ်ပွားစဉ် ရဲစခန်းအနီး ရပ်ကွက်တွင် နေထိုင်သော အသက် ၈၀ အရွယ် အဘွား ၂ ဦးလည်း နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း ၊ သေဆုံးသူ အဘွား ၂ ဦးမှာ အသက် ၈၀ ကျော် အဘွား ဒေါ်အေးသန်းနှင့် ဒေါ်ရင်ကြူတို့ ၂ ဦး ဖြစ်ပြီး နှလုံးရပ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
စက်တင်ဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် နှလုံးရပ်၍ သေဆုံးခဲ့သော အဘွား ၂ ဦးကို နာရေးကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
