27.2 C
Yangon

တိုင်းပြည် ပြန်တည်ဆောက်ရေးနှင့် အရှုပ်အထွေး ပြဿနာများကို ဖြေရှင်းကိုင်တွယ်ရေး တာဝန်ယူရန် အဆင်သင့်ဖြစ်နေပြီဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ကြေညာလာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

မြန်မာနိုင်ငံတွင် တိုင်းပြည် ပြန်တည်ဆောက်ရေးနှင့် အရှုပ်အထွေး ပြဿနာများကို ဖြေရှင်းကိုင်တွယ်ရေး တာဝန်ယူရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ကြေညာလာသည်။

ကြံ့ဖွတ်ပါတီအနေဖြင့် တိုင်းပြည် တည်ငြိမ်ရေး၊ သာယာ၀ပြောရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်လှပစေရေးအတွက် တာဝန်ယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီတွင် တိုင်းပြည်၏ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သော အရင်းအမြစ်၊ လူပုဂ္ဂိုလ်နှင့်အထောက်အကူပြု အဖွဲ့အစည်းများရှိနေသည့်အပြင် ပါတီခေါင်းဆောင်များ၏ ဘ၀ဖြတ်သန်းမှုအတွေ့အကြုံနှင့်တာဝန်၀တ္တရားများ၏ အတွေ့အကြုံများအရ ပြဿနာများကို ဖြေရှင်းနိုင်ကြောင်း၊ ကြံ့ဖွတ်ပါတီတွင် တိုင်းပြည်ပြဿနာများကို ဖြေရှင်းနိုင်သော ခိုင်မာသော စီမံချက်များရှိကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုသည်။

“ကျနော်တို့နိုင်ငံဟာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အတ္တနိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်တွေကြောင့် လူသားအားလုံးရဲ့ အနာဂတ်တွေမျှော်မှန်းချက်တွေ ကြောက်လန့်တုန်လှုပ်မှု စတာတွေဟာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲကြီးဟာ အဲဒီအခြေအနေတွေအားလုံးကို အဆုံးသတ်ပေးနိုင်တဲ့လုပ်ရပ်လို့ ကျနော် အခိုင်အမာယူဆပါတယ်။ တိုင်းပြည် တည်ငြိမ်ဖို့ သာယာ၀ပြောဖို့ လူသားအားလုံးနဲ့ လူငယ်လူရွယ်တွေရဲ့ အနာဂတ်တွေ လှပစေဖို့ ပြန်လည်တည် ဆောက်ပေးဖို့ ဒါတွေပဲဖြစ်ပါတယ်။ အရှုပ်အထွေးတွေ အချိုးအကွေ့တွေနေရာမှာ ကျနော်တို့ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့ အကြုံ ထမ်းဆောင်ခဲ့တဲ့ တာဝန်၀တ္တရားတွေရဲ့ အတွေ့အကြုံ စဉ်ဆက်မပြတ် လေ့လာနေတဲ့ ပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးချက်တွေအရ ဒီပြဿနာတွေကို ကျနော်တို့ ကောင်းစွာ ကိုင်တွယ် ဖြေရှင်းပေးနိုင်တဲ့ ခိုင်မာတဲ့ စီမံချက်တွေ ကျနော်တို့မှာ ရှိပါတယ်” ဟု ခင်ရီက ပြောဆိုသည်။

ကြံ့ဖွတ်ပါတီက နိုင်ငံ၏ ပြဿနာများကို ဖြေရှင်းရန် အချိန်ကန့်သတ်ချက် သတ်မှတ်ထားပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း ခင်ရီက ဆက်လက်ပြောဆိုသည်။

“နားထောင်ကောင်းရုံသပ်သပ် ဆောင်ပုဒ်တွေလို အလွတ်ရွတ်ပြနေရမယ့်အစား တကယ့်ကို အရွေ့ရှိတဲ့ ရလဒ်ကောင်းတွေ ပေါ်ထွက်လာတာနဲ့အတူ ဒီရလဒ်တွေကို အချိန်ကန့်သတ်ချက် Time Frame သတ်မှတ်ပြီး သက်သေပြနိုင်ဖို့ ကျနော်တို့ အဆင်သင့်ရှိပါတယ်။ ကျနော်တို့မှာ ဒီလမ်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အရည်အချင်းရှိတဲ့လူပုဂ္ဂိုလ်တွေ အပြည့်အ၀ရှိပါတယ်။ အဲဒီလူပုဂ္ဂိုလ်တွေကို ကျနော်တို့ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေ အထောက် အကူပြု အဖွဲ့တွေကလည်း အခိုင်အမာရှိနေပါတယ်။ အသင့်လည်းရှိကြပါတယ်။ ကျနော်တို့ ဒါတွေ အားလုံးအတွက် ကျနော်တို့ပါတီက ပြင်ဆင်ဆောင်ရွက်မှုတွေ ဆောင်ရွက်ထားရှိပြီးဖြစ်တယ်” ဟု ခင်ရီက ပြောသည်။

ပြည်တွင်းတွင် နေထိုင်ပြီး နိုင်ငံရေးအခြေအနေများကို လေ့လာသုံးသပ်နေသူ ဝါရင့်သတင်းစာဆရာတစ်ဦးက လက်ရှိ တိုင်းပြည်၏ အခြေအနေမှာ စစ်တပ် အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းရန် တွန်းအားပေးခဲ့သော ကြံ့ဖွတ်ပါတီကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ အာဏာကို ပြည်သူလူထု၏ ထောက်ခံမှု မပါဘဲ ရယူလိုချင်နေသော စစ်တပ်နှင့်ကြံ့ဖွတ်ပါတီကြောင့် အခြေအနေများ ဆိုးရွာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် အနိုင်ရရေး ကြိုးပမ်းပြီး စစ်တပ်နှင့်အတူ တွဲဖက် အာဏာယူမည့် အခြေအနေ မြင်ရကြောင်း သုံးသပ်ပြောဆိုသည်။

“တိုင်းပြည်ပြဿနာက သူတို့ ဖန်တီးခဲ့တာပဲ။ သူတို့ ဖန်တီးတဲ့ ပြဿနာကို သူတို့က ဖြေရှင်းနိုင်တယ်လို့ ပြောနေတာက ပြည် သူလူထုကို လှည့်ဖြားနေတာပဲ။ ဒီအခြေအနေမှာ အခုလုပ်တဲ့ရွေးကောက်ပွဲကလည်း စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီက အာဏာရယူဖို့ သေချာနေတဲ့ အခြေအနေလို့ မြင်ပါတယ်။ ကျန်တဲ့ပါတီတွေကတော့ ဖဲ၀ိုင်းစကားနဲ့ပြောရင် အိမ်ဖြည့်ပေါ့။ အနိုင်ယူမယ့်သူက သူတို့ပဲဆိုတာ ပိုပြီး ထင်ရှားလာတယ်” ဟု ပြည်တွင်းမှ ဝါရင့်သတင်းစာဆရာက သုံးသပ်ပြောဆိုသည်။

ကြံ့ဖွတ်ပါတီက လာမည့် ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင် စာရင်းသွင်းထားပြီး မင်းအောင်လှိုင် စေလွှတ်လိုက်သော စစ်တပ်မှ ဗိုလ်ချုပ်ကြီးများမှာလည်း ကြံ့ဖွတ်ပါတီမှတစ်ဆင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article