ဒီကနေ့ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်မင်းအောင်လှိုင်က ဒုတိယရဲချုပ် ၁ ရဲဗိုလ်ချုပ် တင်ကိုကိုနဲ့ ဒုတိယရဲချုပ် ၂ ရဲဗိုလ်ချုပ် အောင်နိုင်သူတို့ကို ရာထူးတာဝန်ကနေ အနားပေးပြီး ကြံ့ဖွတ်ပါတီကတစ်ဆင့် ရွေးကောက်ပွဲ ဝင်ခိုင်း လိုက်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
- ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အာရှလမ်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက် စစ်တပ်က BGF နဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေသလို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုက်မှုရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာမှာ တံတားကျိုးကျမှုကြောင့် ဒုရဲအုပ် မောင်ကိုကို ရေထဲပြုတ်ကျ သေဆုံးသွားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
