31.1 C
Yangon

ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တောင်ယာကမ်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် တစ်မိုင်တောင် စခန်းမှ စွန့်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်သားများသည် တောင်ယာကမ်း ကျေးရွာတွင် တပ်စွဲထားသောကြောင့် KNLA အထူးတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တောင်ယာကမ်းရွာတွင် တပ်စွဲထားသော စစ်တပ်က ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ မွေးမြူ ထားသော တိရိစ္ဆာန်များကို ခိုးယူ ဖမ်းဆီး စားသောက်ခြင်းများ ပြုလုပ်နေသည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ပြည်သူပိုင် ပစ္စည်းတွေကို ဖျက်ဆီးတာ တိရိစ္ဆာန်တွေကို သတ်ဖြတ် စားသောက်တာတွေ လုပ်ဆောင်နေလို့ အမှည့်ချွေ လုပ်ငန်းစဉ်ကို ဆက်လက် လုပ်ဆောင်လိုခြင်းကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ၂ ကောင်သေပြီး ၃ ကောင် အပြင်းအထန် ဒဏ်ရာရတယ်။ ကျနော်တို့ ဘက်က တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ပုလောမြို့ကို အခြေပြုထားသော စစ်တပ်က မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုများ ရှိနေပြီး ကျေးရွာများတွင် ပြည်သူ့စစ်နှင့် ပျူစောထီးများကို စုစည်းကာ နယ်မြေရှင်းလင်းရေး အမည်တပ်၍ ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှု ရရှိရန် ကြိုးစားလာနေကြောင်း၊ လတ်တလော စစ်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိဖြင့် နေထိုင်ကြရန်၊ လေကြောင်းအန္တရာယ်နှင့် ဒရုန်းအန္တရာယ်ကိုလည်း သတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း ပုလောမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တချို့က သတိပေးပြောဆိုသည်။

ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

KNLA တပ်ဖွဲ့ဝင်တချို့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article