31.1 C
Yangon

အကြမ်းဖက် စစ်အုပ်စုက နူးကလီးယား လက်နက်ပိုင်ဆိုင်ရေး ရည်မှန်း လုပ်ဆောင်နေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးတွင် နိုင်ငံတကာကို သတိပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက နူးကလီးယား လက်နက်ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို လုပ်ဆောင်နေကြောင်း ကုလသမ ဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂတွင် နိုင်ငံတကာကို သတိပေးပြောဆိုသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ၊ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ၏ အပြည်ပြည်ဆိုင်ရာ နျူးကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေး နေ့ အထိမ်းအမှတ် High-level မျက်နှာစုံညီ အစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။

​တရားမဝင် အာဏာသိမ်း စစ်အုပ်စုသည် အန္တရာယ်ဖြစ်စေနိုင်သည့် နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက် ကို ဆက်လက် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံကို ယခုကဲ့သို့ အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲသို့ တွန်း ချခဲ့သော စစ်အုပ်စုသည် ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှု အတွက် နျူကလီးယား နည်းပညာကို အသုံးပြုလိမ့်မည် မဟုတ်ကြောင်း၊ ပြည်သူ ပြည်သားများအပေါ် လွန်စွာဆိုးရွား သော စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုသည် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် နျူကလီးယားနည်း ပညာကို အရပ်ဘက်အသုံးပြုမှု အတွက်သာ ဆောင်ရွက် လိမ့်မည် မဟုတ် ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက် နျူကလီးယားလက်နက် စမ်းသပ်မှု ပိတ်ပင်ရေးဆိုင်ရာ စာချုပ် (CTBT) သို့ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) ကို လက်မှတ်ရေးထိုးခဲ့ခြင်းတို့သည် နျူးကလီးယား လက်နက် အလုံးစုံဖျက်သိမ်းရေးဆိုသည့် စုပေါင်းရည်မှန်းချက် ပြည့်မီရေး အတွက် တိုးတက်မှု ရှိစေခဲ့ကြောင်း၊ သို့သော် ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင် အာဏာသိမ်းမှုကြောင့် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) အတည်ပြု လက်မှတ် ရေးထိုးရေး လုပ်ငန်းအစီအစဉ်များ ရပ်ဆိုင်းသွားခဲ့ကြောင်း သံအမတ်ကြီးက ထောက်ပြထားသည်။

နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစီအစဉ်များ တိုးတက်မှု မရှိခဲ့သည့် အပြင် တရားမဝင် အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို အဆက်မပြတ် ဆက် တိုက်ပြင်းထန်စွာ ကျူးလွန် လျက်ရှိ‌နေ ကြောင်း၊ ထို့အပြင် တစ်ချိန်တည်းတွင် တရားမဝင် အာဏာသိမ်း စစ်အုပ်စုသည် အန္တရာယ် ဖြစ်စေနိုင်သည့် နျူကလီးယား လက်နက်ပိုင်ဆိုင်မှု ရည်မှန်းချက် ကို ဆက် လက် လုပ်ဆောင်နေ ပြီး၊ ငြိမ်းချမ်းစွာ အရပ်ဖက်အသုံးပြုရန် ဟူသော အမည် တပ်၍ နျူကလီးယား လက်နက်ပိုင် နိုင်ငံကြီးတစ်နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မှုများ တိုးမြှင့် ဆောင်ရွက်လာ နေကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံသည် နျူးကလီးယားလက်နက် ကင်းစင်သော ကမ္ဘာကြီး တည် ဆောက် နိုင်ရေးဆိုသည့် စုပေါင်းရည်မှန်းချက်အပေါ် မြန်မာနိုင်ငံ၏ ကတိ ကဝတ်ကို ထပ်မံအတည်ပြုပါကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ် ဆုံးရှုံးမှုများကို တားဆီးပေးနိုင်ရေးအတွက် တရားမဝင် အာဏာသိမ်း စစ်အုပ်စုသို့ လက်နက်၊ ခဲယမ်း၊ တိုက် လေယာဉ်ဆီ နှင့် အရပ်ဖက် စစ်ဖက် နှစ်မျိုးသုံး ပစ္စည်းများ စီးဆင်း ထောက်ပံ့မှု များကို ချက်ချင်း ပိတ်ဆို့ရပ်တန့်ပေးကြပါရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အားလုံးကို တိုက်တွန်းခဲ့သည်။

စစ်အုပ်စု၏ အတု အယောင် ရွေးကောက် ပွဲလုပ်ငန်းအတွက် နိုင်ငံတကာမှ ပံ့ပိုး ကူညီမှု တစ်စုံ တရာ ပေးအပ်ခြင်းသည် စစ်အုပ်စု၏ အန္တရာယ်ကြီး မားသော နျူက လီးယား ရည်မှန်းချက် ကို ပြည့်မီစေရေး အတွက် အဆင့်တစ်ဆင့် နီးကပ်သွား စေမည်ဖြစ်ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက နိုင်ငံတကာကို သတိပေးပြောဆိုခဲ့သည်။

ရုရှားအကူအညီဖြင့် မြန်မာနိုင်ငံတွင် နူကလီးယား အသေးစား ဓာတ်ပေါင်းဖို ဆောက်လုပ်ရန် ကြိုးစားနေသော အကြမ်းဖက် မင်းအောင်လှိုင်ကမူ နူကလီးယား နည်းပညာကို ငြိမ်းချမ်းရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း စက် တင်ဘာလ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂၉ ရက်နေ့အထိ သွားရောက်သော ရုရှားခရီးစဉ်အတွင်း မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုထားသည်။

စစ်အုပ်စုနှင့် ရုရှားအစိုးရအကြား မဂ္ဂါဝပ် ၁၁၀ အသေးစား နူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် နှင့် ယင်းနူကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ တိုးချဲ့တည်ဆောက်ရန် သဘောတူညီ လက်မှတ်ရေး ထိုးခဲ့ပြီးဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article