ပဲခူးတိုင်း၊ ပြည်မြို့ပေါ်တွင် ကြံ့ဖွတ်ပါတီ မဲဆွယ်စည်းရုံးရေးပွဲများသို့ အကြမ်းဖက် စစ်တပ်က တစ်အိမ်ထောင်လျှင် ၁ ဦးနှုန်း တက်ရောက်ရန် ပြည်သူများကို ခြိမ်းခြောက် တက်ခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလပိုင်းမှ စတင်ပြီး ပြည်မြို့ပေါ်နှင့် ကျေးရွာအုပ်စုများတွင် ကြံ့ဖွတ်ပါတီ ရပ်ကျေးပါတီဝင်များနှင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ပူးပေါင်းကာ ရပ်ကွက်/ကျေးရွာအလိုက် မဲဆွယ်စည်းရုံးပွဲများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ စစ်တပ်က ပြည်သူများကို ခြိမ်းခြောက်ကာ ကြံ့ဖွတ်ပါတီ၏မဲဆွယ်စည်းရုံးပွဲသို့ ခြိမ်းခြောက်တက်ရောက်ခိုင်းကြောင်း၊ ထိုကြံ့ဖွတ်ပါတီ မဲဆွယ်စည်ရုံးရေးပွဲများကို အကြမ်းဖက် စစ်တပ်က တစ်အိမ်ထောင်လျှင် ၁ ဦးနှုန်း အတင်း အဓမ္မ ခြိမ်းခြောက် တက်ရောက်ခိုင်းနေကြောင်း၊ တက်ရောက်ခြင်း မရှိသူများကို ပေါ်တာဆွဲ ဖမ်းဆီးမည်ဟုဆိုကာ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ကြံ့ဖွတ်ပါတီ၏ မဲဆွယ် စည်းရုံးရေးပွဲများတွင် ကြံ့ဖွတ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြည်သူများကို ရွေးကောက်ပွဲတွင် ကြံဖွတ်ပါတီကို ဆန္ဒမဲပေးကြရန်၊ တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို ဝိုင်းဝန်းကူညီကြရန်နှင့် ကြံ့ဖွတ်ပါတီထဲဝင်ရောက်ပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည်ဟုဆိုကာ ပြောဆိုစည်းရုံးနေကြောင်း သိရသည်။
“ပြည်မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ကြံ့ဖွတ်ပါတီ ရပ်ကျေးပါတီဝင်တွေနဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ပူးပေါင်းပြီး ရပ်ကွက်အလိုက် စည်းရုံးရေးပွဲတွေ လုပ်ဆောင်နေတယ်။ အဲပွဲကို စစ်ခွေးတွေက ပြည်သူတွေကို ဖိအားပေး တက်ရောက်ခိုင်းနေတာပါ။ စည်းရုံးရေးပွဲမှာ ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဆိုတဲ့ စစ်ခွေးတွေက ပြည်သူတွေကို မဲပေးဖို့နဲ့ ရွေးကောက်ပွဲကိုဝိုင်းဝန်းကူညီဖို့နဲ့ သူတို့ ကြံ့ဖွတ်ပါတီထဲဝင်ရင် စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ဆိုပြီး စည်းရုံးနေတာပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်အုပ်စုသည် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ၁၀၂ မြို့နယ်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်မြို့နယ်လည်း ပါဝင်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


