24.5 C
Yangon

စစ်သား၊ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ လစာ ၃ သောင်း တိုးမြှင့်၊ ဝန်ကြီးဌာနမှ နေ့စားလုပ်အားခကိုမူ တစ်ရက်လျှင် ၇၈၀၀ ကျပ် အထိတိုးမြှင့်

Must read

🟥 လစာတိုးမြှင့်မှုအတွက် လိုအပ်သော ငွေကြေးများကို ဒီဂျစ်တယ်ငွေကြေးအပြင် ငွေစက္ကူများ ထပ်မံရိုက်ထုတ်မည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁

အကြမ်းဖက်စစ်ကော်မရှင်က စစ်သား၊ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများအားလုံးကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အပိုထောက်ပံ့ကြေး အမည်တပ်ကာ လစာ ၃ သောင်းတိုးမြှင့်လိုက်ပြီး ဝန်ကြီးဌာနမှ နေ့စားလုပ်အားခကိုမူ တစ်ရက်လျှင် ၇၈၀၀ ကျပ် အထိတိုးမြှင့် လိုက်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ၊ စစ်သားများ၊ အငြိမ်းစားများအနေဖြင့် လစဉ် အပိုထောက်ပံ့ကြေး အဖြစ် လစာ ၃ သောင်းတိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ်အဖြစ် တစ်ဦးလျှင် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကိုလည်းကောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ဒုတိယအကြိမ်အဖြစ် တစ်ဦးလျှင် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကိုလည်းကောင်း စုစုပေါင်း အပိုထောက်ပံ့ကြေး ၆၀၀၀၀ တိုးမြှင့်ပေးခဲ့ကြောင်း၊ ယခု အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တတိယအကြိမ်အဖြစ် လစဉ် အပိုထောက်ပံ့ကြေး ၃၀၀၀၀ ထပ်မံ တိုးမြှင့်ပေးလိုက်ပြီး ဝန်ထမ်းများ၊ စစ်သားများအနေဖြင့် လစဉ် အပိုထောက်ပံ့ကြေး ၉၀၀၀၀ ခံစားခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

အဆိုပါ အပိုထောက်ပံ့ကြေး တိုးမြှင့်မှုတွင် အငြိမ်းစား ဝန်ထမ်းများလည်း အကျုံးဝင်ပြီး ယနေ့ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အငြိမ်းစားဝန်ထမ်းများလည်း လစဉ် ၃၀၀၀၀ ထပ်ဆောင်းရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဝန်ကြီးဌာနများတွင် နေ့စားလုပ်ကိုင်နေသော နေ့စားဝန်ထမ်းများကိုမူ တစ်ရက် လုပ်အားခအဖြစ် ၇၈၀၀ တိုးမြှင့်သတ်လိုက်ကြောင်း သိရှိရသည်။

ထို့ကြောင့် အကြမ်းဖက် စစ်ကော်မရှင်က တိုးမြှင့်လိုက်သော လစာကြောင့် ဝန်ထမ်း ၁ သန်းကျော်၊ အငြိမ်းစားဝန်ထမ်း ၁ သန်းနီးပါးနှင့် စစ်သားများအားလုံးအတွက် လစဉ် ငွေကြေးများ ထပ်မံ ရိုက်နှိပ်ရမည်ဖြစ်ပြီး မြို့ပြ ဒေသများမှ ဝန်ထမ်းများအတွက်မူ ဒီဂျစ်တယ်ငွေကြေး ဖြင့် လစာပေးချေမည်ဖြစ်ကြောင်း သိရှိရသည်။

“တစ်ဦးကို ၃၀၀၀၀ ကျပ်နဲ့ လက်ရှိဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းနဲ့ တပ်မတော်သားတွေအတွက် စုစုပေါင်း လူဦးရေ ၃ သန်းနီးပါးအတွက် ငွေတွေ ထပ်တိုးသုံးရမယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ ဒီဂျစ်တယ်ငွေကြေးနဲ့ ပေးမယ်လို့ သိရတယ်။ ကျန်တဲ့ အခြားပြည်နယ်/တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေ၊ တပ်မတော်သားတွေအတွက်တော့ ငွေတွေ ထပ်ရိုက်ရမယ့် သဘောရှိပါတယ်။ ငွေကြေးဖောင်းပွမှုကတော့ ထပ်ဖြစ်လာနိုင်ပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article