ဒီကနေ့ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက်စစ်ကော်မရှင်က စစ်သား၊ ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းတွေအားလုံးကို အောက်တိုဘာလ ၁ ရက်နေ့ကနေစတင်ပြီး အပိုထောက်ပံ့ကြေး အမည်တပ်ကာ လစာ ၃ သောင်းတိုးမြှင့်လိုက်တဲ့အပြင် ဝန်ကြီးဌာနက နေ့စားလုပ်အားခကိုတော့ တစ်ရက်ကို ၇၈၀၀ ကျပ် အထိတိုးမြှင့် လိုက်တယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
- “နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်”ဆိုပြီး အမည်ပြောင်းလဲထားတဲ့ စစ်အုပ်စုကို အကြမ်းဖက် အုပ်စုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ထပ်မံ ကြေညာလိုက်ပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ နေအိမ်တွေကို မွှေနှောက် ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
