24.9 C
Yangon

တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရဲနှင့် ပျူစောထီးများ ကင်းလှည့်ရန် ပြင်ဆင်နေစဉ် ဖောက်ခွဲတိုက်ခိုက်ဟုဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရဲ၊ ပျူစောထီးများ ကင်းလှည့်ထွက်ရန် ပြင်ဆင်နေစဉ် လက်ပစ်ဗုံး၊ မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက် ပြောက်ကျားကွန်ရက်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၃၀ ရက် ည ၉ နာရီ ၄၅ မိနစ်က တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၁၀ ရပ် ကွက်၊ ရပ်ကွက်ရုံးအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အဖွဲ့ ဝင်များ ကင်းလှည့်ထွက်ရန် ပြင်ဆင်နေစဉ် မြို့ပြကြွက် ပြောက်ကျားကွန်ရက်မှ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များက လက်ပစ်ဗုံး အစစ် ၂ လုံး၊ ပြင်းအားမြင့် လက်ပစ်မိုင်း ၂ လုံးတို့ဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ဗုံး၊ မိုင်းများ အားလုံး ရပ်ကွက်ရုံး အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ရဲ ၁ ဦး နဲ့ ပျူ ၂ ဦး သေဖို့တော့များတယ်။ သတင်းအတိအကျတော့ အတည်ပြုလို့မရသေးဘူး။ ရုံးထဲ အထိ ပစ်ထည့်တာဆိုတော့ ထိခိုက်မှုများမှာသေချာတယ်။ ရုံးထဲမှာက စုစုပေါင်း ၁၀ ယောက်ကျော် မယ်။ ရုံးကလည်း တောင်ဥက္ကလာပမြို့နယ် ရဲစခန်းနဲ့ နီးနီးလေး။ ဆေးရုံကားနဲ့သယ်သွားပြီးတော့ ကျန်ခဲ့တဲ့ သူတွေက ထုံးစံအတိုင်း ဆဲဆိုသောင်းကျန်းပါတယ်” ဟု မြို့ပြကြွက် ပြောက်ကျားကွန် ရက် တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ရဲ ၁ ဦးနှင့် ပျူစောထီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး လူနာတင် ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ မစ်ရှင်ဖော်ဆောင်ခဲ့သည့် “မြို့ပြကြွက်” မြို့ပြ ပြောက်ကျား ကွန်ရက်မှ တပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

“မြို့ပြကြွက်” မြို့ပြပြောက်ကျားကွန်ရက်အနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အ ဓမ္မရွေးကောက်ပွဲကို အား တက်သရော ထောက်ခံကူညီနေသူ၊ မတရားအာဏာသိမ်းမှုကို ထောက်ပံ့ ကူညီအားပေးသူ ၊ မိဘပြည်သူများ နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူများကို အမြစ်ပြတ်သည်အထိ သုတ် သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူ့အာဏာပြည်သူ့လက်ထဲ ပြန်ရောက်သည်အထိ ဆက် လက် ပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article