24.9 C
Yangon

မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ပါက လုပ်ကြံသတ်ဖြတ်ခံရနိုင်သဖြင့် မင်းကင်း မောင်မြင့် က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်သာ ယှဉ်ပြိုင်တော့မည်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ပါက လုပ်ကြံသတ်ဖြတ်မှုများနှင့် ဝန်းရံသူများ တိုက်ခိုက်ခံရနိုင်သဖြင့် မင်းကင်း မောင်မြင့် က နေပြည် တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်မှ အနိုင်ရရှိခဲ့သော ကြံ့ဖွတ် လွှတ်တော်အမတ် မင်းကင်း မောင်မြင့်က လာမည့် ဒီဇင် ဘာလ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်မှ မပြိုင်တော့ဘဲ နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မင်းကင်းမြို့နယ်တွင် သွားရောက် ယှဉ်ပြိုင်ပါက လုပ်ကြံသတ်ဖြတ်ခံရမှုများနှင့် ဝန်းရံသူများ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ပြီး မင်းကင်းမှ မဲဆန္ဒရှင်များကို မထိခိုက် မနစ်နာစေချင်သည့်အတွက် နေပြည် တော်မှ တစ်ဆင့် ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“မဲဆွယ်စည်းရုံးရေးတွေလုပ်လို့ အဲ့ဒီမှာ ကျွန်တော့ကိုဝန်းရံတဲ့လူတွေကိုပဲဖြစ် ဖြစ် ကျွန်တော်ပဲဖြစ်ဖြစ် ထိခိုက်နစ်နာခံရမယ့်သဘောရှိတယ်။ အိမ်တွေဆို မီးရှို့ခံရတာရှိတယ် လူတွေကလည်း စဉ့်ကလျားထွက်ပြေးနေရတယ်။ အဲ့ဒါတွေက ဘယ်သူ့ကြောင့်ဖြစ်ခဲ့တာလည်းဆိုတော့ ကျွန်တော့ကြောင့်ဖြစ်တာပေါ့။ အခု သွားပြိုင်ရင် ထပ်ဖြစ်ဦးမှာဖြစ်လို့ သူတို့ကို စာနာပြီး သွားမပြိုင်ဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ ရွေးကောက်ပွဲမှာ တစ်ခြားလူတွေပြိုင်တာနဲ့ ကျွန်တော်ပြိုင်တာနဲ့မတူဘူး။ ကျွန်တော်ပြိုင်ရင် သူတို့အတွက်ရှုံ့းဖို့ အခြေ အနေအများဆုံးရှိသွားမှာဆိုတော့ ကျွန်တော်ကိုပဲ သူတို့က လုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှာပဲ။ ကျွန်တော်ပဲဖြစ်ချင်မှဖြစ်မှာပေါ့ တခြားလူလည်း တိုက်ခိုက်မှာပေါ့ ဒါတွေအားလုံးက ကိုယ့်ရဲ့ပယောဂကြောင့်ဖြစ်တယ်လို့ ယူဆရင် ကျွန်တော် လည်း တစ်သက်လုံးစိတ်ကောင်းနိုင်စရာမရှိဘူး။ ဒါကြောင့် အခုနေရာဟာ ပိုမိုလုံခြုံအေးချမ်းမယ်လို့ ယူဆလို့ ဒီနေရာကိုရွေးချယ်တာဖြစ်တယ်” ဟု မင်းကင်းမောင်မြင့် ပြောဆိုသည်။

မင်းကင်းမောင်မြင့် (ခေါ်) ရဲမြင့်သည် အသက် ၆၇ နှစ်ရှိနေပြီဖြစ်ပြီး စစ်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သော စစ်အရာရှိတစ်ဦးဖြစ်သည်။

အာဏာရှင်ဟောင်း သန်းရွှေ လက်ထက်တွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံခြားရေးဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်။

သိန်းစိန်အစိုးရလက်ထက် ၂၀၁၁မှ၂၀၁၂အထိ အလုပ်သမားဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် စက်မှုဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ကြံ့ဖွတ်ပါတီ၏ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံ အနိုင်ရရှိခဲ့သည်။

မင်းကင်းမောင်မြင့်သည် ကြံ့ဖွတ်ပါတီ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးလည်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article