25.6 C
Yangon

ပြင်ဦးလွင်၊ ကပစ ၂၄ တွင် မြောက်ကိုရီးယားနှင့်တွဲဘက် ထုတ်လုပ်မည့် မစ်ဇိုင်းဒုံးစီမံချက်အတွက် မြေဧက ၆၀ ကျော်သိမ်းယူ၊ မင်းအောင်လှိုင်၏ လူယုံ မိုးမြင့်ဆွေ ကကထုတ်အရာရှိချုပ်ဖြစ်လာပြီးနောက် မြေသိမ်းယူမှုဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ကျွဲနွားထောက်ကျေးရွာအုပ်စုရှိ မြေဧရိယာ ၆၀ ဒသမ ၃၂ ကျော်ကို စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ- ကပစ ၂၄ အတွက် သိမ်းယူလိုက်ပြီး ယင်းမြေနေရာမှာ မြောက်ကိုရီးယားနှင့်တွဲဘက် ထုတ်လုပ်မည့် မစ်ဇိုင်းဒုံးစီမံချက်အတွက် လာရောက်မည့် မြောက်ကိုရီးယားပညာရှင်များ တည်းခိုနိုင်ရေး အဆောင်များ ဆောက်လုပ်ရန်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ လူယုံ ဖြစ်သော ဗိုလ်ချုပ်မိုးမြင့်ဆွေကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာထူးဖြင့် တိုးမြှင့်ခံလိုက်ပြီးနောက် ပြင်ဦးလွင်မြို့နယ်၊ ကပစ ၂၄ အတွက် မြေဧက ၆၀ ဒသမ ၃၂ ကို စတင်သိမ်းယူလာခြင်းဖြစ်ကြောင်း၊ ပြည်သူများ နေထိုင်သော ရွာမြေကို စစ်တပ်က လက်နက်ထုတ်စက်ရုံအတွက် သိမ်းယူခြင်းဖြစ်ပြီး ယင်းနေရာတွင် မြောက်ကိုရီးယား ပညာရှင်များ လာရောက်သည့်အခါ တည်းခိုရန်အတွက် တည်းခိုဆောင်များ ဆောက်လုပ်ရန် ဖြစ်ကြောင်း သိရှိရသည်။

” ပြင်ဦးလွင် အနီးစခန်းနားမှာ သံမဏိစက်ရုံရှိတယ်။ အဲဒီ သံမဏိစက်ရုံရဲ့ နောက်မှာ သင်တန်းကျောင်းလေး တစ်ခုရှိတယ်။ သင်တန်းကျောင်းရဲ့ သွပ်စည်းကြိုးရဲ့ ဒီဘက်မှာ ကျွဲနွားထောင့်ဆိုတဲ့ ရပ်ကွက် ရွာလေးရှိတယ်။ အဲဒီ ရွာက မြေကို သိမ်းတဲ့ အနေအထားမျိုးပဲဗျ။ မြေ ဧက ၆၀ သိမ်းတယ်ဆိုတော့ စက်ရုံအတွက်တော့ မဟုတ်ဘူးဗျ။ ဘာဖြစ်မလဲ‌ဆိုတော့ မြောက်ကိုရီးယားနဲ့ အလုပ်လုပ်မယ့် စက်ရုံ ကပစ ၂၄ ဆိုတာက တာတိုပစ် တာလတ်ပစ် လောင်စာအခဲနဲ့ ပစ်တဲ့ မစ်ဇိုင်း စက်ရုံ။ ဒါပေမဲ့ ဦးသိန်းစိန် လက်ထက်ကတည်းက စပြီးတော့ အနောက် နိုင်ငံတွေနဲ့ ပဋိပက္ခဖြစ်မှာစိုးလို့ဆိုပြီး ရပ်လိုက်ရတာ အဲဒါကို ပြန်စမယ့် သဘောပဲ။ ဒါပေမယ့် ဧက ၆၀ နဲ့က ဘာမှ လုပ်လို့မရဘူး။ မြောက်ကိုရီးယားတွေလာရင် ကြားစခန်း၊ Guest house လိုမျိုး၊ ရိပ်သာလိုမျိုး လုပ်မယ့် အနေအထားမျိုးလို့ပဲ မှန်းဆရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုသည်။

အဆိုပါ မြေသိမ်းယူမှုသည် မင်းအောင်လှိုင် လူယုံ ဗိုလ်ချုပ်မိုးမြင့်ဆွေ စက်တင်ဘာလ ၂၃ ရက်နေ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်လာပြီးနောက် ပထမဆုံး သိမ်းယူသော မြေသိမ်းမှုအဖြစ် မှတ်တမ်းဝင်သွားပြီး ကမ္ဘာက စောင့်ကြည့်နေသော မြောက်ကိုရီးယားနှင့်ပူးပေါင်းကာ လက်နက် ထုတ်လုပ်ရေး လုပ်ငန်းများ ပြန်လည် စတင်မည့်သဘောဟု ဆိုနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယောက်က ဆက်လက်ပြောဆိုသည်။

“ဒီမြေသိမ်းမှုက မိုးမြင့်‌ဆွေ လက်ထက်မှာ စစလာချင်း ရောက်ရောက်ချင်း ဆောက်နဲ့ထွင်း ဆိုတဲ့ ပုံစံမျိုးနဲ့ စပြီး သိမ်းလိုက်တာပေါ့ ။ ကပစ ၂၄ ရဲ့ လုပ်ငန်း မြောက်ကိုရီးယားနဲ့ စတဲ့ လုပ်ငန်းတွေ ၊ ရပ်တန့်ထားတဲ့ လုပ်ငန်းတွေ ပြန်ပြီး လည်ပတ်တော့မယ်လို့တော့ မှန်းဆရပါတယ်။ မြေသိမ်းရာမှာ အခမဲ့ လွှဲပြောင်းတယ်ဆိုတော့ ပြည်သူပိုင်မြေတော့ မဟုတ်ဘူး။ အဲဒီဘက် ကြိုးဝိုင်းလား ကြိုးပြင်လား ဓားမဦးချမြေလား ။ တစ်ခုခုပေါ့” ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်တပ်က ရုရှား၊ မြောက်ကိုရီးယား၊ တရုတ်နိုင်ငံတို့နှင့် ပိုမို ထိတွေ့ဆက်ဆံလာပြီး အထူးသဖြင့် အဆိုပါနိုင်ငံများမှ စစ်လက်နက်ပစ္စည်းများနှင့် နည်းပညာများကို ပိုမိုရယူနိုင်ရေး ကြိုးပမ်းလာသည်ကို မြင်တွေ့ရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့က မြောက်ကိုရီးယားက မြန်မာစစ်တပ်ထံသို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ် ၅ ဦးနှင့် ကုမ္ပဏီ ၁ ခုကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပြီး ယင်းသို့ အရေးယူခံရသူများတွင် မြန်မာစစ်တပ်အတွက် လက်နက်များ ဝယ်ယူပေးနေသော Royal Shune Lei ကုမ္ပဏီ၊ ကုမ္ပဏီဝန်ထမ်းကျော်သူမျိုးမြင့်၊ ကုမ္ပဏီCEO အမှုဆောင်အရာရှိချုပ် တင်မျိုးအောင်၊Royal Shune Lei ကုမ္ပဏီဒါရိုက်တာ အောင်ကိုကိုဦးတို့ကို အမေရိကန်က စီးပွားရေးဒဏ်ခတ် အရေးယူမှု ချမှတ်ခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article