တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာရှေ့တန်းတိုက်ပွဲအတွင်းမှ ထွက်ပြေးလာပြီး စစ်မှု ထမ်း တပ်သား ၆ ဦး အလင်းဝင်ခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေး နှင့်သတင်းပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီးတိုက်ပွဲအတွင်းမှ စစ်မှုထမ်း တပ်သား ၄ ဦး ထွက်ပြေးလာကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ ထံသို့ အလင်းဝင်ခဲ့ကြောင်း၊ ထို့အပြင် ယမန်နေ့ အောက်တိုဘာလ ၁ ရက် နေ့ကလည်း စစ်မှုထမ်းတပ်သား ၂ ဦး ထပ်မံထွက်ပြေးလာပြီး အလင်းဝင်ခဲ့ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်ရောက်ခဲ့သူများသည် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၈၀ တပ်ရင်းမှ စစ်မှု ထမ်းတပ်သားများဖြစ်ပြီး အကြမ်းဖက်စစ်တပ်က အတင်းအဓမ္မဖမ်းဆီးကာ စစ်မှုထမ်းတပ်သား အဖြစ်စုဆောင်းခံရသူများဖြစ်ကြောင်း၊ စစ်မှုထမ်းသင်တန်းဆင်းပြီးနောက် သိန်ခွန်းကျေးရွာ ရှေ့ တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ ထွက်ပြေးလာပြီးလာပြီး အလင်းဝင်ရောက်ခဲ့သူများသည် လက်နက်မဲ့ထွက်ပြေးလာခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက် နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်း ထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ ၊ ထံသို့ ဘက်ပြောင်းခိုလှုံသည့် စစ်ကောင်စီတပ်သား ၆ ဦး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

