ဒီကနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကရင်နီမှာ စစ်တပ်စစ်ကြောင်းတွေက ဖရူဆိုအထိ ရောက်ရှိလာချိန်မှာ စစ်တပ်ကို အနိုင်ယူနိုင်ရေးအတွက် စည်းလုံးညီညွတ်မှု အရေးကြီးတယ်လို့ KNDF ဒုစစ်ဦးစီးချုပ်မာဝီက သတိပေးပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ ကရင်နီ ရိုးရာ ဒီးကူပွဲတော်မှာ ဒုစစ်ဦးစီးချုပ် မာဝီက သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
- စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်မှာ ရွေးကောက်ပွဲဝင်ရင် လုပ်ကြံသတ်ဖြတ်မှုတွေ ဝန်းရံသူတွေ တိုက်ခိုက်ခံရနိုင်လို့ဆိုပြီး မင်းကင်းမောင်မြင့်က နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာသာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မယ်လို့ လူမှုကွန်ရက်ကတစ်ဆင့် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး မြဌေးက လူငယ်တွေကို အလုပ်ပေးမယ်လို့ဆိုပြီး လိမ်လည်ခေါ်ဆောင်က အကြမ်းဖက်စစ်တပ်ထံ စစ်မှုထမ်းတပ်သားသစ်အဖြစ် ငွေကျပ် သိန်း ၁၈၀ နဲ့ ရောင်းစားနေတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
