28.4 C
Yangon

နမ္မတူမြို့ပေါ် အမှတ် ၈ ရပ်ကွက်၊ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်ပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ၊ မန်တုံမြို့ကိုလည်း စစ်တပ်က လေကြောင်းတိုက်ခိုက်

Must read

ရန်ကုန်၊အောက်တိုဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော နမ္မတူမြို့ပေါ် အမှတ် ၈ ရပ်ကွက်၊ ဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်ပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီ ၂၃ မိနစ်ဝန်းကျင်အချိန် စစ်တပ်က နမ္မတူမြို့၊ အမှတ် ၈ ရပ်ကွက်၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီးနှင့် လူနေရပ်ကွက်ပေါ်သို့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကလေးငယ် များ အပါအဝင် ပြည်သူ ၈ ဦးမှာ ဒဏ်များရရှိခဲ့ကြောင်း သိရှိရသည်။

“ဒါက နမ္မတူမြို့ပေါ်ကို ပထမဆုံးဗုံးကျဲချတာပဲ။ ကျဲတာတော့ တိုက်လေယာဉ်နဲ့ ကျဲချသွားတာ။ ပေါင် ၅၀၀ ဗုံးလို့ထင်တာပဲ။ ပေါက်ကွဲမှုရော ပေါက်ကွဲသံရော အရမ်းပြင်းထန်တယ်။ လောလောဆယ်တော့ ၃ ဦးကတော့ ပွဲချင်းပြီး ဆုံးတယ်။ ဒဏ်ရာရတာတွေမှာလည်း ဒဏ်ရာပြင်းတာပါတယ်။ နေအိမ် ၈ လုံးပျက်စီးပါတယ်” ဟု နမ္မတူမြို့မှ ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် စစ်တပ်က မန်တုံမြို့ရှိ ယခင် စစ်ကောင်စီ၏ ခလရ ၁၃၀ တပ်ရင်းပေါ်သို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားခဲ့ကြောင်း၊ လတ်တလော ဗုံးကျဲချမှုကြောင့် ထိခိုက်သေဆုံးမှု သတင်းအခြေအနေ မသိရှိရသေးကြောင်း TNLA သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။

TNLA ၏ ထုတ်ပြန်ချက်တွင်မူ ယနေ့ နံနက် ၇ နာရီ ၂၃ မိနစ်အချိန် နမ္မတူနှင့် မန်တုံမြိုတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးများလာရောက်ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုများကို ဆက် လက် သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article