28.2 C
Yangon

ရွှေဘိုတွင် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲပြီး ကိုရင်ငယ် ၃ ပါး ပျံလွန်တော်မူပြီး ၇ ပါး ထိခိုက်ဒဏ်ရာရ၊ PDF၏ပစ်ခတ်မှုကြောင့် ကိုရင်ငယ်များ သေဆုံးသည်ဟု စစ်တပ်က လိမ်လည်ဝါဒဖြန့်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် စစ်တပ်က ပစ်ခတ်ခဲ့သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အောင်မြေချမ်းမြေ့ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကိုရင်ငယ် ၃ ပါး ပျံလွန်တော်မူပြီး ၇ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများနှင့်အောင်မြေချမ်းမြေ့ကျောင်း၏ ပင်တိုင်အလှူရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားကြောင်း၊ ထိုသို့ တိုက်ပွဲဖြစ်ပွားနေစဉ် ရွှေဘိုမြို့ပေါ် ကညနရုံးတွင် အထိုင်ချတပ်စွဲထားသော စစ်စခန်းနှင့် မြို့ပေါ် ထောက်ပို့တပ်က လက်နက်ကြီးများ၊ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ထိုသို့ ပစ်ကူပေးစဉ် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ၃ လုံးမှာ မြို့ပေါ်တွင်ပင် ပြန်လည် ကျရောက်ခဲ့ကြောင်း၊ လက်နက်ကြီးကျည် ၁ လုံးမှာ အောင်မြေချမ်းမြေ့ကျောင်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကိုရင် ၃ ပါး ပျံလွန်တော်မူကာ ၇ ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာက တဂဏန်းရွာမှာ ဖြစ်တာ။ အဲဒါကို ကညနမှာ တပ်စွဲထားတဲ့ အထိုင်စခန်းနဲ့ ထောက်ပို့တပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတာ။ လူနေရပ်ကွက်တွေနဲ့ မြို့ပေါ်ကို ကျော်ပြီး ပစ်ရတာ။ အဲဒီမှာ လက်နက်ကြီး ၃ လုံးက မြို့ပေါ် ပြန်ကျတယ်။ လက်နက်ကြီး ၁ လုံးက ထူထောင်ရေးရပ်ကွက်၊ ရွှေဘုံသာဘုရားအနီးမှာ ကျတယ်။ မပေါက်ကွဲဘူး။ နောက်ထပ် စစ်တပ်ရဲ့ လက်နက်ကြီးကျည် ၁ လုံးက TWS ကျောင်းရှေ့ ဆည်မြောင်းဝင်းထဲကို ကျတယ်။ အဲဒါလည်း မပေါက်ကွဲဘူး။ နောက်ဆုံးအလုံးက သမိုင်းဝင် အောင်မြေချမ်းမြေ့ကျောင်းဝင်း အတွင်းမှာ ကျရောက်ပေါက်ကွဲပါတယ်။ ကိုရင်သာမဏငယ် ၃ ပါး ပျံလွန်တော်မူပါတယ။် ၇ ပါး ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့သော ကိုရင်ငယ် ၃ ပါးမှာ သက်တော် ၁၄ နှစ်အရွယ်များဖြစ်သော ရှင်ဉာဏိက၊ ရှင်ဥတ္တမ၊ ရှင်ဝိမလ တို့ဖြစ်ပြီး ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဥသျှစ်ကန် သုဿန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ကိုရင်ငယ်တွေရဲ့ ဈာပနကို ဒီနေ့ လုပ်မှာပါ။ ရွှေဘိုက ပြည်သူတွေလည်း စိတ်မကောင်းကြဘူး။ စာသင်သား ကိုရင်ငယ်တွေပါ” ဟု အောင်မြေ ချမ်းမြေ့ကျောင်း၏ အလှူရှင်ဒကာတစ်ဦးက ဆိုသည်။

ယနေ့ စစ်တပ်လက်အောက်ခံ ဝါဒဖြန့် သတင်းစာများတွင်မူ PDF က ပစ်ခတ်၍ ကိုရင်ငယ်များ ပျံလွန်တော်မူသည်ဟု လိမ်လည် သတင်းထုတ်ပြန် ဝါဒဖြန့်ထားသည်။

သို့ရာတွင် ရွှေဘိုတစ်မြို့လုံးက စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကိုရင်ငယ်များ ပျံလွန်တော်မူ ထိခိုက်ဒဏ်ရာရရှိသည်ကို သိရှိကြကြောင်း ရွှေဘိုမြို့မှ ပြည်သူများနှင့် အောင်မြေချမ်းမြေ့ကျောင်း၏ အလှူရှင် ဒကာ၏ ပြောဆိုချက်များအရ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article