ဒီကနေ့ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့ ဂျပန်အစိုးရ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
- ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဦးဟာ ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ ညစာစား ပွဲအပြီး KTV ဟိုင်းခန်းကို သွားရောက်ကာ ဟိုင်းခန်းမှာ အပျော်လွန် မူးယစ်ဆေးအလွန်အကျွံ့သုံးစွဲပြီး သေဆုံးသွားတယ်လို့ မြ၀တီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
- ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတဲ့ အကြမ်းဖက် စစ်တပ်ရဲရဲ့ တပ်စခန်းတချို့ကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်တွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
