28.9 C
Yangon

ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာတွင် တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှုများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အောက်တပ်သာရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ သံခွန်သင်္ဘောများဖြင့် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆန်တက်လာသော စစ်တပ်ကောင်စီတပ်သားသည် စက်တင်ဘာလ ၁၈ ရက် မွန်း တည့် ၁၂ နာရီဝန်းကျင်တွင် ဝက်လက်မြို့နယ် အောက်တပ်သာရွာသို့ ရောက်ရှိခဲ့ပြီး ယာယီအခြေ ချတပ်စွဲခဲ့ကြောင်း သိရသည်။

ထိုသို့ တပ်စွဲထားသည့် အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်ပြီး ဝိုင်းဝန်းပိတ်ဆို့ထားကာ အပေါ်တပ်သာရွာမှ အသင့်စောင့် ကြိုစောင့်ဆိုင်းခဲ့ကြောင်း၊ ထိုသို့ စောင့်ကြိုနေသည့် အပေါ်တပ်သာရွာသို့ စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

“စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲတွေမှာ စခတွေဘက်က ၃၀ ဦး သေဆုံးတယ်လို့ သိရတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က‌နေ စပြီး ကျနော်တို့ တော်လှန်ရေး တပ် ဖွဲ့တွေဘက်က စစ်ကြောင်း ကို ဝိုင်းထားတာပါ။ ပထမတိုက်ပွဲဖြစ်ပြီးတော့ စခတပ်က အထိနာပေ မယ့် နောက်တစ်ကြိမ် အင်အား ထည်ဖြည့်ပြီး စစ်ကြောင်းထိုးလာလို့ ခဲယမ်းမလုံလောက်တဲ့ အတွက် အပေါ်တပ်သာရွာကနေ ခေတ္တဆုတ်ခွာခဲ့ရတယ်။ လက်ရှိအထိ တိုက်ပွဲက ကြီးကြီးမားမားမဟုတ် ပေမယ့် တစ်ခါတစ်ရံ အသေးစားထိတွေ့တိုက်ပွဲတွေတော့ ရှိပါတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း ၂၃ မှ တာ ဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အထိနာကာ ဖရိုဖရဲဖြင့် ပြန်လည် ဆုတ်ခွာသွားပြီး နောက် စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ထပ်မံစစ်ကြောင်းထိုးခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ထပ်မံ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အနေဖြင့် ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း စက်တင်ဘာလ ၁၈ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅၊ ၁၈ ၊ ၂၃ ၊ ၂၆ ၊ ၉၇၀၆ Together We Can တပ်ရင်း များပူးပေါင်းခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား အများအပြား‌သေဆုံးသည်ကို မျက်မြင်အရလည်းကောင်း၊ ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများ၏ ပြောပြချက်အရလည်းကောင်း သိရှိရ ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၂၃ က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article