27.5 C
Yangon

မုံရွာနှင့်ချောင်းဦးအစပ် ဘုံတိုမကျေးရွာရှိ ဆီမီးထွန်းပွဲကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု လူ ၂၂ ဦးသေဆုံးပြီး PDF ၄ ဦး၊ သပိတ်ဦးဆောင်သူ ၄ ဦး ပါဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ မုံရွာနှင့်ချောင်းဦးအစပ် ဘုံတိုကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာတွင် လူ ၂၂ ဦးသေဆုံးပြီး PDF ၆ ဦးနှင့် သပိတ်ဦးဆောင်သူ ၄ ဦး ပါဝင်သွားကြောင်း ချောင်းဦးဆရာတော်နှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ်က ညောင်ပင်သာအုပ်စု ဘုံတိုကျေးရွာရှိ ဆီမီးထွန်းပွဲကို စက်တပ်လေထီးဖြင့် ဗုံး ၂ လုံးကျဲချခဲ့ရာ လူ ၂၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် PDF ၆ ဦးနှင့် မြေပြင် သပိတ်ဦးဆောင်သူ ၄ ဦး ပါဝင်သွားကြောင်း သိရှိရသည်။

အခုနောက်ဆုံးစာရင်းက ချောင်းဦးနယ်ထဲက ပြည်သူ ၁၁ ဦး ကျပါတယ်။ မုံရွာနယ်က ၁၁ ဦး စုစုပေါင်း ၂၂ ဦး ကျဆုံးတယ်။ ချောင်းဦး PDF က ၄ ဦးကျတယ်။ မုံရွာအမြင့်လမ်းကသပိတ်ဦးဆောင်သူ ၂ ဦးကျတယ်။ CDM ကျောင်းဆရာ ၁ ဦးလည်း ကျဆုံးပါတယ်။ တစ်မိသားစုတည်းမှာ ၄ ဦးကျသွားတာလည်း ပါသလို ၂ နှစ် သမီးလေးရယ်၊ ၁၈နှစ်အောက်ကျောင်းသားလေးတွေလည်းပါသွားတယ်” ဟု ချောင်းဦးဆရာတော်က မိန့်ကြားသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးသူသော သပိတ်ဦးဆောင်သူများတွင် ရဲဘော် ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်၊ ရဲဘော်ကံမြင့်လွင်နှင့် ကျောင်းဆရာ ဇော်လင်းနိုင်တို့ ပါဝင်သွားကြောင်း ၊ ရဲဘော် ချမ်းငြိမ်းအောင်နှင့် ရဲဘော် ညီညီဇော်တို့မှာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ၊ လူထုတိုက်ပွဲမြှင့်တင်ရေးကော်မတီဝင်များဖြစ်ကြောင်း သိရှိရသည်။

ရဲဘော် ချမ်းငြိမ်းအောင်နှင့် ရဲဘော် ညီညီဇော်တို့မှာ နွေဦးတော်လှန်ရေးအတွင်း မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီ ၊ စစ် ကိုင်းတိုင်း ဒေသ သပိတ်အင်အားစုမှဖြစ်ပြီး ပြည်သူလူထုအကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုများကို အစဉ်တစိုက် လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ရဲဘော်များဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသူများကို ယမန်နေ့ သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article