27.5 C
Yangon

ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စိုးစိုးရီကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့နေ ခိုင်ဝင်းအောင် ၊ အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရှေ့နေ ဇင်ပပဦး၊ ကြံဖွတ်ပါတီ၏ ဖျာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျော်ကျော်(ခ) ကျော်မျိုးတင် ၊ တိုင်းဒေသကြီး လွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အေးပိုင် တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါတီဝင်များနှင့်တွေ့ဆုံပွဲ ဟု အမည်တပ်ကာ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်နေကြောင်း သိရှိရသည်။

“ပြည်ခိုင်ဖြိုး ပါတီဝင်တွေ့ဆုံပွဲဆိုပြီး ကျေးရွာတွေက ပြည်သူတွေကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက ဆင့်ခေါ်ပါတယ်။ ပြီးတော့ အတင်းအကျပ် ပွဲတက်ခိုင်းတယ်။ အဲဒီမှာ အမတ်လောင်းတွေဆိုပြီး မိတ်ဆက်တယ်။ မဲထည့်ကြပါ ဆိုပြီး စည်းရုံးတယ်။ သူတို့ကို မဲထည့်ရင် ဒီအခြေအနေက ကျော်လွန်နိုင်မယ်။ ဒီစစ်အာဏာသိမ်းတာကို ကျော်လွှားပေးနိုင်တာ ပြည်ခိုင်ဖြိုး ပါတီပဲရှိတယ်ဆိုပြီး စည်းရုံးပါတယ်” ဟု ဖျာပုံမြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ မဲဆွယ်စည်းရုံးရေး တရားဝင် မစတင်မီ ကြံ့ဖွတ်ပါတီဝင် ခန့်အပ်လွှာ ပေးအပ်ပွဲများ၊ စကား၀ိုင်းများနှင့် ပါတီဝင်များ တွေ့ဆုံပွဲဟု အမည် တပ်ပြီး ဖျာပုံမြို့နယ်တစ်ဝန်းတွင် ကြံ့ဖွတ်ပါတီက မဲထည့်ကြရန်နှင့် ပါတီကို ထောက်ခံကြရန် လိုက်လံစည်းရုံးလျက်ရှိသည့်အပြင် အီလက်ထရောနစ်မဲပေးစနစ် လေ့ကျင့်ရေးများတွင်လည်း ကြံ့ဖွတ်ပါတီက တက်ရောက်ကာ မဲပေးရန် စည်းရုံးမှုများ လည်းရှိနေကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်နှင့်ကြံ့ဖွတ်ပါတီဝင်များက ဖျာပုံမြို့နယ်အတွင်း ပူးပေါင်းဆောင်ရွက်၍ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့်စီမံခန့်ခွဲရေး လုပ်ငန်းများကို ပူးတွဲ လုပ်ဆောင်နေကြသဖြင့် အခြားနိုင်ငံရေးပါတီများထက် ကြံ့ဖွတ်ပါတီက ပိုမိုအားသာကြောင်း သိရှိရသည်။

“လက်ရှိ ဖျာပုံဘက်မှာကတော့ အုပ်ကြီးတွေကလည်း ကြံ့ခိုင်ရေးတွေပဲ။ ပျူစောထီးတွေကလည်း ကြံ့ခိုင်ရေးတွေပဲ။ စစ်တပ်ကို သတင်းပေးနေတာကလည်း ကြံ့ခိုင်ရေးတွေပဲ။ အဲဒီတော့ သူတို့ကပဲ အုပ်ချုပ်ရေး လုံခြုံရေး စီမံခန့်ခွဲရေး အားလုံးကို စိုးမိုးထားတာ။ အခုလည်း မဲဆွယ်စည်းရုံးရေးဆိုပြီး ခိုးလုပ်နေတာ။ အုပ်ကြီးတွေနဲ့ ကြံခိုင်ရေးတွေ ခိုးလုပ်နေကြတာ” ဟု ဖျာပုံမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆိုသည်။

ဖျာပုံမြို့နယ်အတွင်း ကြံ့ဖွတ်ပါတီက ပါတီဝင်ထားလျှင် စစ်မှုထမ်း အဖြစ်မှ ပေါ်တာဆွဲခံရခြင်း ကင်းဝေးနိုင်သည်ဟုဆိုကာ ကျေးရွာများတွင် ပါတီဝင်များ တရားမဝင် နည်းလမ်းများဖြင့် စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

ယင်းအပြင် ကြံ့ဖွတ်ပါတီကို မဲထည့်လျှင် ကျေးရွာများအတွက် ကွန်ကရစ်လမ်းခင်းပေးခြင်း၊ လျှပ်စစ်မီးသွယ်တန်းပေးခြင်း၊ စာသင်ကျောင်း၊ ဆေးခန်းများ တည်ဆောက်ပေးခြင်း၊ ကျေးရွာများကို စံပြကျေးရွာများအဖြစ် အဆင့်မြှင့်တင်ပေးမည်ဟု မက်လုံးပေး မဲဆွယ်နေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article