31.1 C
Yangon

ဘီးလင်းနှင့် မိုးမိတ်မြို့နယ်တို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တို့ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၁ နယ်မြေ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ ပျဉ်းမပင်ဆိပ်အနောက်ကျေးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၄ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန် အကြမ်းဖက်စစ်တပ်က ဘီးလင်းမြို့နယ်၊ ပျဉ်းမပင်ဆိပ်အနောက်ကျေးရွာသို့ လေကြောင်းဖြင့် ဗုံးကျဲချခြင်ဖြစ်ကြောင်း ၊ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျဉ်းမပင်ဆိပ်အနောက်ကျေးရွာမှ ပြည်သူ ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ ပြည်သူ ၃ ဦးမှာ အရေးပေါ် အခြေအနေဖြင့် ဒဏ်ရာရရှိထားပြီး အခြားသော ဒဏ်ရာရရှိသောသူများလည်းရှိကြောင်း သိရှိရသည်။

“မနေ့ည ၈ နာရီ ၂၀ မိနစ်မှာ လေယာဉ်နဲ့ ဗုံးလာကျဲတာပါ။ ဒဏ်ရာရတာက ၇ ဦးမှာ ၃ ဦးက အရေးပေါ် အသက်အန္တရာယ်စိုးရိမ်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ည ၇ နာရီဝန်းကျင်အချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားမရှိဘဲ လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၃ လုံး လာရောက်ကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၈ ဦး ထိမှန်ဒဏ်ရာရရှိသည့်အပြင် နေအိမ် ၁၀ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာ ၇ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ ၊ မန်ဟုန်းကျေးရွာသို့ စစ်တပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကျဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူလူထု ၁၀ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားသော နယ်မြေများ ပြန်လည်ရရှိရေးအတွက် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ဆင်မှုများကို ၂ ဆ မြှင့်တင်ရန် စစ်ဘက်ဆိုင်ရာအစည်းအဝေးက ဆုံးဖြတ်ချက်ချမှတ်ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article